ဇန်နဝါရီတွင် ချယ်လ်ဆီးကို မိုရာတာ စွန့်ခွာဖွယ်ရှိ

ဇန်နဝါရီတွင် ချယ်လ်ဆီးကို မိုရာတာ စွန့်ခွာဖွယ်ရှိ
Published 27 September 2018

 

Photo: Goal

ချယ်လ်ဆီးအသင်း၏ စပိန်တိုက်စစ်မှူး မိုရာတာသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းကို စွန့်ခွာရန် စဉ်းစားနေသည်ဟု စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။

မိုရာတာသည် လက်ရှိချယ်လ်ဆီးအသင်းနည်းပြ ဆာရီ၏လက်အောက်တွင် ပုံမှန်နေရာရရန် ရုန်းကန်နေရခြင်းကို စိတ်ပျက်လျက်ရှိနေပြီး အသင်းပြောင်းရွှေ့လိုနေကြောင်း AS က ဖော်ပြခဲ့သည်။

မိုရာတာအား ခေါ်ယူရန် စီးရီးအေကလပ်အသင်းများဖြစ်သည့် အေစီမီလန်နှင့် ဂျူဗင်တပ်စ်(သူ၏အသင်းဟောင်း) တို့က စိတ်ဝင်စားခဲ့ပြီး ပြီးခဲ့သည့်နွေရာသီက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။

Most Read

Most Recent