ယနေ့ညကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 September 2018

ဒစ်ဆယ်ဒေါ့ဖ် နှင့် လေဗာကူဆင် (ဗုဒ္ဓဟူးည ၁၁း၀၀ နာရီ)
ဒစ်ဆယ်ဒေါ့ဖ်က တန်းတက်အသင်းဆိုပေမယ့် လိုက်ပ် ဇစ်၊ ဟော်ဖန်ဟင်မ်၊ စတုဂတ်တို့နဲ့ကစားခဲ့တဲ့ နောက်ဆုံး(၃)ပွဲ ကနေ (၅)မှတ်ရလိုက်တယ်။ လေဗာကူဆင်ရဲ့ အဝေးကွင်းခြေ စွမ်းနဲ့အနိုင်ရဖို့မလွယ်
နိုင်ဘူး။

ဒေါ့မွန် နှင့် နုရင်ဘတ်(ကြာသပတေးနံနက် ၁း၀၀ နာရီ)

Photo : Getty Images

ဒေါ့မွန်အသင်းက ဒီရာသီကစားထားတဲ့ အိမ်ကွင်း(၂)ပွဲ စလုံးကို ဂိုးပြတ်အနိုင်ရထားတယ်ဘွန်ဒစ်လီဂါအသင်းဟောင်း တန်းတက် နုရင်ဘတ်ကလည်း ကစားပုံမဆိုးပါဘူး။ ဒေါ့မွန် ဂိုးပြတ်နိုင်ဖို့များတယ်။

လိုက်ပ်ဇစ် နှင့် စတုဂတ် (ကြာသပတေးနံနက် ၁း၀၀ နာရီ)
ကစားသမားပိုင်းချင်းယှဉ်ရင် ဒီ(၂)သင်းအကြား သိပ်မကွာတော့ပါဘူး။ လိုက်ပ်ဇစ်အသင်းကအိမ်ကွင်းတောင် သိပ်စိတ်မချရတော့တဲ့အနေအထားရောက်နေတယ်။ စတုဂတ်နဲ့စွန့်စားတာပိုကောင်းမယ်။

မိုချန်ဂလာဘတ် နှင့် ဖရန့်ဖတ် (ကြာသပတေးနံနက် ၁း၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်း ရှုံးပွဲစတွေ့ခဲ့ပေမယ့် အိမ်ကွင်းမာကျောမှုကိုတော့ မေ့ထားလို့မရပါဘူး။ ဖရန့်ဖတ်အသင်းရဲ့ခြေစွမ်းကတော့ လက်ရှိမှာ မှန်းဆရခက်တဲ့အနေအထားပါ။ မိုချန်ဂလာဘတ် အိမ်ကွင်း
နိုင်ပွဲဆက်ဖို့များတယ်။

မိန့်ဇ် နှင့် ဝုလ်ဖ်ဘတ် (ကြာသပတေးနံနက် ၁း၀၀ နာရီ)
ဝုလ်ဖ်ဘတ်က အိမ်ကွင်းရှုံးပွဲတွေ့တဲ့အထိ ရလဒ်ပိုင်းပြန်ယိုင်သွားတယ်။ မိန့်ဇ်ကတော့ ဒီရာသီ အိမ်ကွင်း(၂)ပွဲစလုံး အနိုင်ကစားထားတာ တွေ့ရတယ်။ အိမ်ကွင်းမှာတော့ မိန့်ဇ် အနိုင်နဲ့ သရေပါပဲ။

Most Read

Most Recent