ယနေ့ညကစားမည့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 September 2018

ဘီလ်ဘာအို နှင့် ဗီလာရီးယဲလ် (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
နှစ်သင်းစလုံးရဲ့ခြေစွမ်းက အားရစရာသိပ်မရှိလှသေးပေမယ့် ဘီလ်ဘာအိုကတော့ အိမ်ကွင်းမှာ အမှားနည်းအောင်ပိုကစားပြနေနိုင်တယ်။ ဗီလာရီးယဲလ်က ဒီရာသီအိမ်ကွင်း၊ အဝေးကွင်း (၂)ခုစလုံးမှာ
ပုံမှန်မဟုတ်တဲ့အပြင် ခံစစ်ကလည်း အားလျော့လာတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲကြိုက်တယ်။

 

လီဟာနက်စ် နှင့် ဘာစီလိုနာ (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
ထိပ်ဆုံးကဦးဆောင်နေချိန်မှာ ပြိုင်ဘက်အသင်းငယ်တွေနဲ့ ထိပ်တိုက်တွေ့နေတဲ့အခွင့်အရေးကို ဘာစီလိုနာ အမိအရအသုံးချသွားဖို့ပဲလိုတယ်။ အခုလည်း လီဟာနက်စ်ရဲ့ခြေစွမ်းအရ ဘာစီလိုနာအတွက် စိုးရိမ်စရာသိပ်မလိုပါဘူး။ ဒါပေမဲ့ အဝေးကွင်းရောက်ရင် သတိကြီးကြီးထားပြီးကစားတတ်တဲ့ ဘာစီလိုနာ
ကြောင့် ဘာစီလိုနာ ဂိုးနည်းနည်းနဲ့ပဲနိုင်မယ့်ပွဲလို့ထင်တယ်။

 

ဗလင်စီယာ နှင့် ဆယ်လ်တာဗီဂို (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဗလင်စီယာအသင်းအတွက် ရာသီအစနိုင်ပွဲတွေ ပြန်ယူပြနိုင်ဖို့ လိုနေပါပြီ။ အသင်းကစားပုံက သိပ်မဆိုးလှပေမယ့် တိုက်စစ်မှာ ရိုဒရီဂို ပုံမှန်ခြေစွမ်းမရသေးတဲ့အပြင် ရိုဒရီဂိုရဲ့တိုက်စစ်အတွဲအဖက်
ကိုလည်း နည်းပြ မာဆယ်လင်နို ရွေးထုတ်ရခက်နေသလိုတွေ့ရတယ်။ ဒီပွဲတော့ ဗလင်စီယာနဲ့ ဂိုးအများပဲ ဦးစားပေးမယ်။

ဆီဗီလာ နှင့် ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ရီးယဲလ်အတွက် ချန်ပီယံပြေးလမ်းမှာ စိန်ခေါ်နိုင်မှု ဘယ်လောက်ရှိနိုင်မလဲဆိုတာ စမ်းသပ်မယ့် အဝေးကွင်းပွဲတစ်ပွဲလို့ ပြောနိုင်တယ်။ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲမှာဘီလ်ဘာအိုကိုအနိုင်မကစား
နိုင်ခဲ့ဘဲ သရေကျခဲ့တဲ့ ရီးယဲလ်အတွက် အခုဆီဗီလာနဲ့ပွဲကလည်း စိန်ခေါ်မှုအပြည့်ရှိတဲ့ပွဲမျိုးပါပဲ။ ဆီဗီလာရဲ့ ရာသီအစခြေစွမ်းပိုင်းက တည်ငြိမ်နေတယ်လို့မပြောနိုင်သေးပေမယ့် ခြေတွေ့ရင်တွေ့သလို တိုက်စစ်က ဂိုးတွေရသွားတတ်တဲ့ ဆီဗီလာရဲ့ကစားပုံက ရီးယဲလ်ရဲ့ စိတ်ချလို့မရနိုင်သေးတဲ့ ခံစစ်အတွက် အန္တရာယ်တစ်ခုလို ဖြစ်လာနိုင်တာတော့အမှန်ပဲ။ ဆီဗီလာဟာ အိမ်ကွင်းကစားပုံကောင်းလေ့ရှိပြီး ရီးယဲလ်ကို အိမ်ကွင်းမှာကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲစလုံး မရှုံးအောင်ကစားပြနိုင်တာကိုကြည့်ရင် ဆီဗီလာကို လျှော့တွက်ထားလို့ တော့မရပါဘူး။ ရီးယဲလ်ကတော့ နောက်ဆုံးအက်စ်ပန်ညိုနဲ့ပွဲမှာနိုင်ပွဲပြန်ရခဲ့ပြီး၊ အဆန်စီယိုလည်း ဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ပေမယ့် အခုအဝေးကွင်းပွဲကထပ်မှားလို့မရတော့တာ အသေအချာပါပဲ။ ရီးယဲလ်ရဲ့ကစားပုံက ဆီဗီလာကိုဂိုးရအောင် ကစားနိုင်စွမ်းရှိပေမယ့်လာလီဂါမှာ ဂိုးပေးနေရသေးတဲ့ ခံစစ်ကစားပုံအရတော့ ဆီဗီလာနဲ့ ဂိုးအများကိုပဲ ပိုကြိုက်နေမိတယ်။

 

Most Read

Most Recent