ယနေ့ညကစားမည့် လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 September 2018

အာဆင်နယ် နှင့် ဘရန့်ဖို့ဒ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

Photo: vivaronews

အာဆင်နယ်အသင်းမှာ ယူရိုပါလိဂ်ကစားခဲ့တဲ့လူစာရင်းထက်အပြောင်းအလဲတွေပိုမြင်တွေ့ရဖို့များတယ်။ ဒါပေမဲ့ နည်းပြ အူနိုင်းအမ်မရီအနေနဲ့ အင်္ဂလန်မြေ ပွဲဦးထွက်ရာသီဖြစ်လို့ ဖလားပွဲကနေ စောစောစီးစီးထွက်ရတာမျိုးအဖြစ်ခံမှာမဟုတ်ပါဘူး။ အာဆင်နယ် ဂိုးပြတ်ဖို့များတယ်။

 

ဝက်စ်ဟမ်း နှင့် မက်ကယ်ဖီးလ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဝက်စ်ဟမ်းအသင်းက လမ်းကြောင်းမှန်ပေါ်တဖြည်းဖြည်းပြန်ရောက်လာနေတယ်။ မက်ကယ်ဖီးလ်ကတော့ League Two လိုပြိုင်ပွဲမှာတောင် နိုင်ပွဲမရသေးဘဲအမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့အသင်းပါ။ အရန်အင်အားတောင့်တင်းတဲ့ ဝက်စ်ဟမ်း အနိမ့်ဆုံး(၃)ဂိုးတော့ပြတ်မှာပါ။

 

လီဗာပူးလ် နှင့် ချယ်လ်ဆီး (ကြာသပတေးနံနက် ၁း၁၅ နာရီ)


လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ဟာ လိဂ်ဖလားပြီးရင်လည်း ပရီးမီးယားလိဂ်မှာ ဆက်လက်ဆုံတွေ့နေပြီး (၄)ရက်အတွင်း (၂)ပွဲဆက် ရင်ဆိုင်ကစားရမှာပါ။ လီဗာပူးလ်ကတော့လတ်တလောမှာ ပွဲကျပ်ကာလကို အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်ပြနေတယ်။ ဒါပေမဲ့ လီဗာပူးလ်ကဒီပွဲပြီးရင်လည်း ချယ်လ်ဆီးနဲ့ပွဲအပြင် နာပိုလီ၊ မန်စီးတီးအသင်းတွေနဲ့ ပွဲကျပ်တောက်လျှောက်ကစားရဖို့ရှိတာ ထည့်တွက်ရမယ်။ ပွဲအားလုံးကို အဓိကကစားသမားအစုံအလင်နဲ့ကစားရင် ခြေကုန်လက်ပန်းကျသွားနိုင်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်အဖို့ အပြောင်းအလဲလုပ်ရင် အခုပွဲက ဖြစ်နိုင်ခြေအများဆုံးပါပဲ။လီဗာပူးလ်ရောချယ်လ်ဆီးပါ အရန်အင်အားတောင့်လို့ လူစုံမထုတ်ရင်တောင် အခုပွဲက စိတ်ဝင်စားစရာကောင်းနေဆဲပါပဲ။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် လီဗာပူးလ်အသင်း ပြည်တွင်းဖလားပွဲကနေစောစောစီးစီးထွက်ခဲ့ရတာ စဉ်းစားစရာပါ။ ကလော့ပ်ထက် လိဂ်ဖလားကို ပိုအလေးထားနိုင်တဲ့ ဆာရီကြောင့် ချယ်လ်ဆီးကိုပဲ ရွေးချယ်ချင်တယ်။

Photo - Liverpool FC

နော်တင်ဟမ် နှင့် စတုတ်စီးတီး (ကြာသပတေးနံနက် ၁း၁၅ နာရီ)
နာ်တင်ဟမ်က အိမ်ကွင်းမာကျောမှုအစဉ်အလာကို ဆက်ထိန်းထားနိုင်ဆဲပါပဲ။ ဒီရာသီအိမ်ကွင်း(၇)ပွဲကစားထားရာမှာလည်း ရှုံးပွဲမရှိသေးပါဘူး။ စတုတ်စီးတီးကတော့ အဝေးကွင်းနိုင်ပွဲလုံးဝမရှိသေးတာ သတိပြုသင့်ပါတယ်။ နော်တင်ဟမ် မိနစ်(၉၀)အတွင်း ရှုံးဖို့မရှိပါဘူး။

 

စပါး နှင့် ဝက်ဖို့ဒ် ((ကြာသပတေးနံနက် ၁း၃၀ နာရီ)
စပါးအသင်းအဖို့ မကြာသေးမီက ပရီးမီးယားလိဂ်ရှုံးကြွေးကိုပြန်ဆပ်ဖို့ အခွင့်အရေးရတာပါ။ ချန်ပီယံလိဂ်မှာ အုပ်စုကျပ်ထဲရောက်နေတဲ့စပါး လိဂ်ဖလားမှာ လူစုံထုတ်ဖို့မရှိပါဘူး။ ဝက်ဖို့ဒ်ကလည်း လိဂ်ဖလား နောက်ဆုံး(၉)ရာသီဆက်တိုက် တတိယအဆင့်တောင် မကျော်ခဲ့တဲ့အသင်းပါ။ ဝက်ဖို့ဒ်လူစုံမပါရင် စပါး ဂိုးပြတ်သွင်းလောက်တယ်။

 

Most Read

Most Recent