မော်ရင်ဟို၏ ခံစစ်အားသန်သည့်နည်းဗျူဟာကို ပေါ့ဘာ ဝေဖန်

မော်ရင်ဟို၏ ခံစစ်အားသန်သည့်နည်းဗျူဟာကို ပေါ့ဘာ ဝေဖန်
Published 25 September 2018

Photo : AFP

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာသည် တန်းတက်ဝုလ်ဗ်အသင်းနှင့် သရေကျ ခြင်းအတွက် နည်းပြ မော်ရင်ဟို၏ ခံစစ်အားသန်သည့် နည်းဗျူဟာကို တုံ့ပြန်ဝေဖန်ခဲ့ ကြောင်း သိရသည်။

မန်ယူအသင်းသည် ယင်းပွဲတွင် ကွင်းလယ်လူ ဖရက်ဒ်၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရသလို ဝုလ်ဗ်အသင်း၏ ဂိုးသွင်းယူရန် ကြိုးပမ်းမှုကို ဂိုးသမား ဒီဟေးယား အကြိမ်ကြိမ်ကာကွယ် နိုင်သဖြင့် အိမ်ကွင်း၌ သရေတစ်မှတ်ရရှိခဲ့ ခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင် မော်ရင်ဟို က ကစားသမားများ၏ ကြိုးစားအားထုတ်မှု ကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး ရာခိုင်နှုန်း ၃၀ မျှ အားထုတ်ရုံဖြင့် နိုင်ပွဲမရနိုင်ကြောင်း ပြော ကြားထားရာ ပေါ့ဘာက ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။

 (Photo by Lindsey PARNABY / AFP)

''ဝုလ်ဗ်အသင်းနဲ့ပွဲကို အိမ်ကွင်းမှာ ကစားရလို့ ဒီထက်ပိုကောင်းအောင်ကစား သင့်ပါတယ်။ တိုက်စစ်အသားပေးကစားမယ် ဆိုရင် ကျွန်တော်တို့အတွက် ပိုပြီးလွယ်ကူမှာ ပါ။ မန်ချက်စတာယူနိုက်တက်သာ တိုက်စစ် ကို ထပ်ဖန်တလဲလဲကစားနေမယ်ဆိုရင် ပြိုင် ဘက်အသင်းတွေလည်း ကြောက်ရွံ့နေမယ် လို့ ကျွန်တော်ထင်တယ်။ ဒါက ကျွန်တော်တို့ ရဲ့ အမှားပါ။ အားထုတ်မှုပိုကောင်းသင့်သလို ကစားပုံလည်း ပိုကောင်းသင့်တယ်။ ဘာဖြစ် လို့လဲ ကျွန်တော်တို့က အိုးလ်ထရက်ဖို့ဒ်မှာ ကစားနေလို့ပါ။ ပြီးခဲ့တဲ့ရာသီက တော့တင် ဟမ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ် တို့နဲ့ပွဲတွေမှာ တိုက်စစ်အသားပေးပြီး ဖိအား ပေးကစားပုံစံမျိုး ကစားသင့်တယ်''ဟု ၎င်းက ဆိုသည်။

ပေါ့ဘာသည် ပြီးခဲ့သည့်ရာသီတွင် လည်း မော်ရင်ဟိုနှင့် အဆင်မပြေသဖြင့် ပွဲ ထွက်စာရင်းမှ ချန်လှပ်ခံရဖူးသည်။

 

Most Read

Most Recent