လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 25 September 2018

အက်စ်ပန်ညို နှင့် အီဘာ (ဗုဒ္ဓဟူးနံနက် ၀၀း၃၀ နာရီ)

အီဘာခြေပြန်တွေ့လာနေတယ်ဆိုပေမယ့် အက်စ်ပန်ညို ရဲ့ ဒီရာသီအိမ်ကွင်းကစားပုံပိုမာကျောလာမှုကိုတော့ ယှဉ်နိုင်ဖို့မလွယ်လှပါဘူး။ အီဘာတို့ အဝေးကွင်းမှာ ခံစစ်ကစားနိုင်ပေမယ့် အိမ်ကွင်းမှာ ရမှတ်ပြည့်ယူဖို့ကြိုးစားမယ့် အက်စ်ပန်ညိုနဲ့ ဂိုးအနည်းကိုပဲ ပိုကြိုက်နေမိတယ်။

ဆိုစီဒက် နှင့် ဗယ်လက်ကာနို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဗယ်လက်ကာနိုကတော့ ထုံးစံအတိုင်း အဝေးကွင်းမှာ ခံစစ်ပိတ်ကစားသွားဦးမှာပါပဲ။ ဒါပေမဲ့ ဒီရာသီပွဲတိုင်းဂိုးရအောင် ကစားထားနိုင်တဲ့ ဆိုစီဒက်ရဲ့အိမ်ကွင်းတိုက်စစ်အားကို ဗယ် လက်ကာနိုတို့ တစ်ချိန်လုံးတောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဆိုစီဒက် ဂိုးနည်းနည်းနဲ့ နိုင်မယ့်ပွဲလို့ပဲထင်တယ်။

အက်သလက်တီကို နှင့် ဟူဆကာ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

အသင်းကြီးတွေကို ရင်ဆိုင်နိုင်ဖို့အင်အားမျိုး ဟူဆကာ မှာလိုအပ်နေသေးတာကို ဘာစီလိုနာ၊ ဆိုစီဒက်လိုအသင်းတွေနဲ့ ပွဲမှာ တွေ့ခဲ့ရတယ်။ အခုလည်း အက်သလက်တီကိုကွင်းမှာက စားရဦးမှာဆိုတော့ နိုင်ပွဲတွေပြန်ယူပြဖို့လိုနေတဲ့ အိမ်ရှင်ကို ဟူဆကာတို့ တားဆီးနိုင်ဖို့မရှိပါဘူး။ အိမ်ရှင်နဲ့ ဂိုးအများပါပဲ။

Most Recent