လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 25 September 2018

ဘာတန် နှင့် ဘန်လေ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

League One ကလပ် ဘာတန်အသင်းက ဒုတိယအဆင့်မှာအက်စတွန်ဗီလာကို ကျော်ဖြတ်လာတဲ့အသင်းပါ။ ဘန်လေက လိဂ်ဖလားကို အာရုံစူးစိုက်မှုနည်းပြီး (၄)ရာသီဆက်တိုက် တတိယအဆင့် မကျော်လွန်ခဲ့ပါဘူး။ ဘာတန်နဲ့ စွန့်စားတာ ပိုကောင်းမယ်။

ဝိုင်ကမ်ဘီ နှင့် နောဝစ်ချ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဝိုင်ကမ်ဘီက League One မှာ တန်းဆင်းဇုန်နားကပ်နေတဲ့အသင်းပါ။ နောဝစ်ချ်ကတော့ လိဂ်ချန်ပီယံရှစ်မှာ (၃)ပွဲဆက်အနိုင်ကစားပြီး အခြေအနေပြန်ကောင်းလာတာ တွေ့ရတယ်။ အမှတ်ပေးပွဲမှာ ဖိအားမရှိတဲ့ နောဝစ်ချ်ကိုပဲ ယုံကြည်သင့်တယ်။

အောက်စဖို့ဒ် နှင့် မန်စီးတီး (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

မန်စီးတီးအသင်းက ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဗိုလ်လုပွဲကလွဲလို့ တခြားအဆင့်တွေမှာ အသင်းငယ်တွေ ကိုတောင် ပွတ်ကာသီကာပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ချန်ပီယံဂုဏ်သိက္ခာရှိနေလို့ မန်စီးတီး ပေါ့ပေါ့တန်တန်တော့ ကစားမှာမဟုတ်ဘူး။ အောက်စဖို့ဒ်ကွင်းဖြစ်ပေမယ့် မန်စီးတီးအသင်းကိုပဲ ကြိုက်တယ်။

မီဝေါလ် နှင့် ဖူလ်ဟမ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

မီဝေါလ်အသင်းက လိဂ်ချန်ပီယံရှစ်မှာ (၆)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၅)ပွဲအရေးနိမ့်ထားတယ်။ အသင်းက တန်းဆင်းဇုန်ထဲအထိရောက်သွားလို့ လိဂ်ဖလားကို မီဝေါလ် ဖိဖိစီးစီးကစားဖို့ မဖြစ်နိုင်ဘူး။ ဖူလ်ဟမ် မိနစ်(၉၀)အတွင်း အနိမ့်ဆုံး သရေကစားမယ်။

ဘုန်းမောက် နှင့် ဘလက်ဘန်း (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဘုန်းမောက်အသင်း နောက်ဆုံးကစားတဲ့ပွဲမှာ ဘန်လေကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် ဒီရာသီအိမ်ကွင်းရလဒ်ပိုင်းက ချီး ကျူးစရာပါပဲ။ ဘလက်ဘန်းကလည်း လိဂ်ချန်ပီယံရှစ်ကိုတန်းပြန်တက်လာတဲ့ရာသီမှာ မျှော်လင့်ထားတာထက် ပိုပြီးရလဒ် ကောင်းနေတယ်။ ဘုန်းမောက် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

ပရက်စတန် နှင့် မစ်ဒယ်ဘရော့ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

လိဂ်ချန်ပီယံရှစ်အသင်းအချင်းချင်း တွေ့ဆုံတာဖြစ်ပေမယ့် အဆင့်ချင်းတော့ ကွာပါတယ်။ မစ်ဒယ်ဘရော့ရဲ့တန်းတက်ဇုန်ဖိအားက ပရက်စတန်ရဲ့တန်းမဆင်းရရေး ရုန်းကန်မှုနဲ့ယှဉ်ရင်တော့ဖိအားလျော့ပါတယ်။ မစ်ဒယ်ဘရော့ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

ဝုလ်ဗ် နှင့် လက်စတာ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ပရီးမီးယားလိဂ်မှာဆုံတွေ့ခဲ့တုန်းက လက်စတာကွင်းမှာ ဝုလ်ဗ်အသင်း ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ လတ်တလောမှာတော့ ဝုလ်ဗ်က ပုံစံကောင်းရနေပြီး မန်ချက်စတာမြို့ခံ (၂)သင်းကို တောင်သရေကစားနိုင်ခဲ့တာ တွေ့ရတယ်။ အရန်အင်အား တောင့်တဲ့ ဝုလ်ဗ်ပဲ နောက်တစ်ဆင့်တက်မှာပါ။

ဘလက်ပူးလ် နှင့် QPR (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

League One မှာ ထိပ်ဆုံး(၁၀)သင်းစာရင်းထဲဝင်နေတဲ့ ဘလက်ပူးလ်က ဖိအားမရှိပါဘူး။ QPR ကတော့ လိဂ်ချန်ပီယံရှစ်မှာ တန်းဆင်းဇုန်နဲ့အမှတ်သိပ်မကွာတဲ့အပြင်ဖလားပွဲတွေမှာ အစဉ်အလာမရှိတာလည်း ထည့်တွက်သင့်တယ်။ ဘလက်ပူးလ်ကိုပဲ ကြိုက်တယ်။

ဝက်စ်ဘရွန်း နှင့် ပဲလေ့စ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဝက်စ်ဘရွန်းက လိဂ်ချန်ပီယံရှစ်မှာ ရလဒ်ကောင်းနေပြီး တန်းပြန်တက်ဖို့ အားယူနေတဲ့အသင်းပါ။ ပဲလေ့စ်ကလည်း ဒီရာသီကစားထားတဲ့ အဝေးကွင်း (၃)ပွဲစလုံး အနိုင်ကစားထားပါတယ်။ အိမ်ကွင်းမှာတော့ ဝက်စ်ဘရွန်း မိနစ်(၉၀)အတွင်း ရှုံးဖို့မရှိပါဘူး။

မန်ယူ နှင့် ဒါဘီ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဒီပွဲသာ ရလဒ်မကောင်းခဲ့ရင် မန်ယူနည်းပြ မော်ရင်ဟိုအဖို့ ဖိအားတွေ ပြန်ရှိလာလိမ့်မယ်။ ဒါဘီအသင်းက ချယ်လ်ဆီးဂန္ထဝင် လမ်းပတ် ကိုင်တွယ်နေတဲ့အသင်းဖြစ်ပြီးပရီးမီးယားလိဂ်အတွေ့အကြုံရှိသူတွေ အများအပြားပါဝင်နေတယ်။ အမှားခံဖို့မရှိတဲ့ မန်ယူဘက်ကပဲ ရပ်တည်သင့်တယ်။

Most Read

Most Recent