မန်ယူအသင်းအတွက် ဂိုးသွင်းနိုင်သည့် (၅၀၀)ဦးမြောက်ကစားသမားအဖြစ် ဖရက်ဒ် မှတ်တမ်းဝင်ခဲ့

မန်ယူအသင်းအတွက် ဂိုးသွင်းနိုင်သည့် (၅၀၀)ဦးမြောက်ကစားသမားအဖြစ် ဖရက်ဒ် မှတ်တမ်းဝင်ခဲ့
Published 24 September 2018

Photo: Reuters

မန်ယူအသင်းနှင့် ဝုလ်ဗ်အသင်းတို့ (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သော ဘရာဇီးလ်ကစားသမား ဖရက်ဒ်သည် မန်ယူအသင်းအတွက် ဂိုးသွင်းယူပေးနိုင်သော (၅၀၀)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ဖရက်ဒ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ရှက်တာဒိုးနက်အသင်းမှ မန်ယူအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဝုလ်ဗ်နှင့်ပွဲ၌ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဖရက်ဒ်သည် မန်ယူအသင်းအတွက် ဂိုးသွင်းယူနိုင်သည့် (၆)ဦးမြောက် ဘရာဇီးလ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ဂိုးအများဆုံးသွင်းယူထားသည့် ဘရာဇီးလ်ကစားသမားမှာ (၉)ဂိုးသွင်းယူခဲ့သည့် အန်ဒါဆန်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မန်ယူအသင်းတွင် ဖရက်ဒ် ဟူသည့်အမည်ဖြင့် ဂိုးသွင်းယူနိုင်သည့်ကစားသမား (၅)ဦးရှိခဲ့သည့်အတွက် ယခု ဘရာဇီးလ်ကစားသမား ဖရက်ဒ်မှာ (၆)ဦးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရှိရသည်။
မန်ယူအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးခဲ့သော ကစားသမားမှာ (၂၅၃)ဂိုး သွင်းယူပေးခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်နီဖြစ်ပြီး လက်ရှိယှဉ်ပြိုင်ကစားနေဆဲ ကစားသမားများထဲ၌ ဂိုးအများဆုံးသွင်းယူပေးထားသူမှာ စပိန်ကစားသမား မာတာ(၃၉ ဂိုး)ဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent