အခွန်ရှောင်တိမ်းမှုကြောင့် ရီးယဲလ်အသင်းကွင်းလယ်လူ မိုဒရစ် ဆိုင်းငံ့ထောင်ဒဏ်ရှစ်လ ချမှတ်ခံရ

အခွန်ရှောင်တိမ်းမှုကြောင့် ရီးယဲလ်အသင်းကွင်းလယ်လူ မိုဒရစ် ဆိုင်းငံ့ထောင်ဒဏ်ရှစ်လ ချမှတ်ခံရ
Published 24 September 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေး ရှားလက်ရွေးစင် ကွင်းလယ်ကစားသမား မို ဒရစ်သည် အခွန်ရှောင်တိမ်းမှုကြောင့် ဆိုင်းငံ့ ထောင်ဒဏ်ရှစ်လ ချမှတ်ခံရကြောင်း စပိန် အခြေစိုက် El Mundo သတင်းစာ၏ဖော်ပြ ချက်အရ သိရသည်။

မိုဒရစ် (၃၃ နှစ်) သည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တွင် ပုံရိပ်အသုံးပြုခဝင်ငွေအတွက် ပေး ဆောင်ရမည့် ယူရို ၈၇၀ç၇၂၈ (ဒေါ်လာတစ် သန်း) ကို လူဇင်ဘတ်နိုင်ငံရှိ ကုမ္ပဏီခွဲမှတစ် ဆင့် အခွန်ရှောင်ခဲ့သောကြောင့် ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

ဇန်နဝါရီလအတွင်း ၎င်းအား တရားရုံး၌စစ်ဆေးရာ မိုဒရစ်က ပေးဆောင်ရန်ကျန်ရှိသည့် အခွန်ငွေအပြင် ထပ်ဆောင်းအဖြစ် စုစုပေါင်း ယူရိုတစ်သန်း ပေးဆောင်ခဲ့ကြောင်း သိရသည်။

စက်တင် ဘာ ၂၂ ရက်တွင် El Mundo သတင်းစာ၏ ဖော်ပြချက်အရ အခွန်အာဏာပိုင်များသည် အခွန်ရှောင်သည့်ပမာဏ၏ ရာခိုင်နှုန်း ၄၀ ကိုသာ ဒဏ်ကြေးချမှတ်ရာ မိုဒရစ်အနေဖြင့် ယူရို ၃၄၈ç၀၀၀ သာ ပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ဆိုင်းငံ့ထောင်ဒဏ် ရှစ်လအတွက် တစ်ရက်လျှင် ယူရို ၂၅၀ နှုန်း ပေးဆောင်မည်ဖြစ်ပြီး ယူရို ၆၀ç၀၀၀ ဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

မိုဒရစ်သည် စပိန်ဘောလုံးလောက၌ အခွန်ပြဿနာ ကြောင့် ဆိုင်းငံ့ထောင်ဒဏ် ထပ်မံကျခံရသည့် ကြယ်ပွင့်တစ်ဦးဖြစ်လာပြီး ၎င်းမတိုင်မီ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ၊ ကွင်းလယ်လူဟောင်း မာရှေရာနို၊ ရီးယဲလ်အသင်းဖော် ဟောင်း စီရော်နယ်လ်ဒို၊ နည်းပြဟောင်း မော်ရင်ဟိုတို့လည်း အလားတူပြစ်ဒဏ်များချမှတ် ခံထားရကြောင်း သိရသည်။

Most Read

Most Recent