စပါးအသင်းတွင် အော်ရီယာ ကျောနံပါတ် ၂၄ ဝတ်ဆင်မည်

စပါးအသင်းတွင် အော်ရီယာ ကျောနံပါတ် ၂၄ ဝတ်ဆင်မည်
Published 1 September 2017

Photo: SpursOfficial

စပါးအသင်းသည် PSG အသင်းမှ အိုင်ဗရီကို့စ်နောက်ခံလူ အော်ရီယာကို ပေါင်(၂၃)သန်းဖြင့် ခေါ်ယူပြီး ကျောနံပါတ် ၂၄ ပေးအပ်လိုက်ကြောင်း သိရှိရသည်။

အသက်(၂၄)နှစ်အရွယ် အော်ရီယာသည် နောက်တန်းညာအစွန်ကစားသမားဖြစ်ပြီး စပါးအသင်းက မန်စီးတီးသို့ ရောင်းထုတ်လိုက်သည့် ဝေါ်လ်ကာ၏နေရာကို ပြန်လည်အစားထိုးခဲ့ခြင်းလည်းဖြစ်သည်။

စပါးအသင်းသည် အော်ရီယာကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိသည့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

PSG အသင်းတွင်  ပြသနာရှာတတ်သူအဖြစ် ကျော်ကြားခဲ့သော အော်ရီယာက စပါးအသင်းတွင် ကွင်းတွင်းကွင်းပြင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်ဟု ကတိပြုခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent