ယခုရာသီ လာလီဂါတွင် ဆယ်လ်တာဗီဂိုအသင်း ခရီးအကွာအဝေးအများဆုံး သွားရမည်

ယခုရာသီ လာလီဂါတွင် ဆယ်လ်တာဗီဂိုအသင်း ခရီးအကွာအဝေးအများဆုံး သွားရမည်
Published 24 September 2018

ဆယ်လ်တာဗီဂို (Photo : Facebook)

ဆယ်လ်တာဗီဂိုအသင်းသည် ယခုရာသီလာလီဂါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အ သင်း(၂၀)အနက် ခရီးအကွာအဝေးအများဆုံးသွားရမည့်အသင်းဖြစ်ကြောင်း သိရသည်။

ယခုရာသီလာလီဂါပြိုင်ပွဲကို စပိန်နိုင်ငံ၏ဒေသ(၈)ခုမှ အသင်း(၂၀) က ပါဝင်ယှဉ်ပြိုင်နေပြီး မက်ဒရစ်မှာ အသင်းပေါင်း(၅)သင်းဖြင့် အများဆုံးဖြစ် နေသည်။

ဆယ်လ်တာဗီဂိုအသင်းမှာ ကီလိုမီတာပေါင်း (၁၅၂၂၉)ဖြင့် ခရီးအကွာ အဝေးအများဆုံး ခရီးနှင်ရမည့်အသင်းဖြစ်သည်။

၎င်းနောက်တွင် ဘက်တစ်၊ ဆီဗီလာအသင်းတို့ရှိနေပြီး အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ခရီးအကွာ အဝေးအနည်းဆုံးသွားရသည့်အသင်းအဖြစ် (၆၉၆၃)ကီလိုမီတာဖြင့် ရပ်တည် နေသည်။

ဘာစီလိုနာအသင်းမှာ (၁၀၆၂၆)ကီလိုမီတာ ခရီးနှင်ရမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်မှာ (၆၉၈၁)ကီလိုမီတာ ခရီးနှင်ရမည်ဖြစ်သည်။

ဘက်တစ် (Photo : Facebook)

လာလီဂါတွင် ခရီးအကွာအဝေးအများဆုံးသွားရမည့် (၁၀)သင်း

အသင်း အကွာအဝေး(KM)

ဆယ်လ်တာဗီဂို ၁၅၂၂၉
ဘက်တစ် ၁၃၅၄၃
ဆီဗီလာ ၁၃၄၈၄
ဟီရိုနာ ၁၂၁၈၁
ဘာစီလိုနာ ၁၀၆၂၆
အက်စ်ပန်ညို ၁၀၅၆၄
ဆိုစီဒက် ၉၁၆၇
ဘီလ်ဘာအို ၉၀၁၉
အီဘာ ၈၉၈၈
ဗီလာရီးယဲလ် ၈၈၄၇

Most Read

Most Recent