FIFA ''The Best'' ဆုပေးပွဲအခမ်းအနားကို ယနေ့ပြုလုပ်မည်

FIFA ''The Best'' ဆုပေးပွဲအခမ်းအနားကို ယနေ့ပြုလုပ်မည်
Published 24 September 2018

ကျင်းပမည့်နေ့ရက် - ၂၄-၉-၂၀၁၈
ကျင်းပမည့်နေရာ - Royal Festivall Hall၊ လန်ဒန်မြို့
ကျင်းပမည့်အချိန် - မြန်မာစံတော်ချိန် စက်တင်ဘာ ၂၅ နံနက် (၀၀း၀၁) နာရီမှ နံနက်(၄း၀၀)နာရီအထိ
မဲပေးမှုပုံစံ - ပရိသတ်များ၏ မဲ (၂၅)%
အားကစားဂျာနယ်လစ်များ၏ မဲ (၂၅)%
နိုင်ငံလက်ရွေးစင်အသင်းနည်းပြများ၏ မဲ (၂၅)%
နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင်များ၏ မဲ (၂၅)%

■ ဆန်ခါတင်စာရင်းများ
အကောင်းဆုံးအမျိုးသားဆု - စီရော်နယ်လ်ဒို(ဂျူဗင်တပ်စ်)၊ မိုဒရစ်(ရီးယဲလ်)၊ ဆာလာ(လီဗာပူးလ်)
အကောင်းဆုံးအမျိုးသမီးဆု - ဟယ်ဂျာဘတ်(လိုင်ယွန်)၊ မာရော့ဆန်(လိုင်ယွန်)၊ မာတာ(အော်လန်ဒိုပရိုက်)
အကောင်းဆုံးအမျိုးသားအသင်းနည်းပြဆု - ဒါလစ်(ခရိုအေးရှား)၊ ဒေးရွှမ့်(ပြင်သစ်)၊ ဇီဒန်း(ရီးယဲလ်)
အကောင်းဆုံးအမျိုးသမီးအသင်းနည်းပြဆု - ပတ်ဒရို့စ်(လိုင်ယွန်)၊ တာကာကူရာ(ဂျပန်)၊ ဝိုက်မန်း(နယ်သာလန်)
ပွတ်ရှ်ကပ်ဆု(အကောင်းဆုံးသွင်းဂိုးဆု) - ဘေးလ်(ရီးယဲလ်)၊ ချီရီရှက်ဗ်(ရုရှား)၊ စီရော်နယ်လ်ဒို(ရီးယဲလ်)၊ ခရစ္စတိုဒိုပူးလော့စ်(AEKအေသင်)၊ အာရက်စကေတာ(ခရူဇီယို)၊ မက်ဂရီး(နယူးကာဆယ်ဂျက်စ်)၊ မက်ဆီ(အာဂျင်တီးနား)၊ ပါဗာ(ပြင်သစ်)၊ ကွာရက်စ်မာ(ပေါ်တူဂီ)၊ ဆာလာ(လီဗာပူးလ်)
အကောင်းဆုံးဂိုးသမားဆု - ကော်တိုအာ(ဘယ်လ်ဂျီယံ)၊ ရှမိုက်ကယ်(ဒိန်းမတ်)၊ လိုရစ်(ပြင်သစ်)
အကောင်းဆုံးပရိသတ်ဆု - ကာရဲရား(ချီလီဒုတိယတန်းကလပ် ပူအာတိုမွန့်အသင်းပရိသတ်)၊ ဂျပန်နှင့် ဆီနီဂေါပရိသတ်များ၊ ပီရူးပရိသတ်များ

ၤFIFPro WorldXI ဆန်ခါတင်စာရင်း
ဂိုးသမား - ဘူဖွန်၊ ကော်တိုအာ၊ ဒီဟေးယား၊ နာဗတ်စ်၊ စတီဂန်
နောက်တန်း - အယ်လ်ဘာ၊ ကာဗာဟယ်လ်၊ ချီလီနီ၊ အဲလ်ဗတ်စ်၊ ဂိုဒင်၊ ဟမ်းမဲလ်၊ ကင်မစ်ချ်၊ လိုဗရန်၊ မာဆယ်လို၊ မီနာ၊ ပါဗာ၊ ပီကေး၊ ရာမို့စ်၊ သီယာဂိုဆေးလ်ဗား၊ ထရစ်ပီယာ၊ အမ်တီတီ၊ ဗန်ဒိုက်၊ ဗာရန်း၊ ဗာဆယ်လ်ကို၊ ဝေါ်လ်ကာ
အလယ်တန်း - ဘူးစကွက်စ်၊ ကက်စမဲရိုး၊ ကော်တင်ဟို၊ ဒီဘရိုင်းနား၊ ဟာဇက်၊ အင်နီယေစတာ၊ အစ္စကို၊ ကွန်တေ၊ ကရို့စ်၊ မာတစ်၊ မိုဒရစ်၊ ပေါ့ဘာ၊ ရာကီတစ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဗီဒယ်လ်
ရှေ့တန်း - ဘန်ဇီမာ၊ ကာဗာနီ၊ စီရော်နယ်လ်ဒို၊ ဒီဘားလား၊ ဂရီးဇ်မန်း၊ ဟာရီကိန်း၊ လီဝန်ဒေါစကီး၊ လူကာကူ၊ မန်ဇူကစ်၊ မာနေ၊ ဘာပေ၊ မက်ဆီ၊ နေမာ၊ ဆာလာ၊ ဆွာရက်ဇ်

Most Read

Most Recent