ဖေဖော်ဝါရီလနောက်ပိုင်း အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးမပေးရသည့်စံချိန်ကို လီဗာပူးလ် ဆက်ထိန်းနိုင်ခဲ့

ဖေဖော်ဝါရီလနောက်ပိုင်း အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးမပေးရသည့်စံချိန်ကို လီဗာပူးလ် ဆက်ထိန်းနိုင်ခဲ့
Published 24 September 2018

 

Photo: AFP

လီဗာပူးလ်အသင်းသည် ဆောက်သမ်တန်နှင့် ကစားခဲ့ သောပွဲတွင် ဂိုးမပေးရဘဲ (၃-ဝ)ဂိုးဖြင့် အနိုင်ရအောင် ကစားနိုင်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးမပေးရသည့်စံချိန်ကိုဆက်ထိန်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၈ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က ကစားခဲ့ သော လီဗာပူးလ် (၄-၁) ဝက်စ်ဟမ်းပွဲအပြီးမှစ၍ လီဗာပူးလ်အသင်းသည် အန်ဖီးလ်ကွင်း ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးလုံး၀ မပေးရတော့ချေ။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီ အိမ်ကွင်း နောက်ဆုံးပွဲစဉ် (၅) ပွဲတွင် လီဗာပူးလ်အသင်းသည် ဂိုးမပေးရဘဲ (၄)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် ရရှိခဲ့သည်။ ထို့အတူ ယခုရာသီ အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲတွင်လည်း ဂိုးမပေးရဘဲ (၃)ပွဲစလုံးအနိုင်ရအောင် စွမ်းဆောင်ထားနိုင်ခြင်းဖြစ်သည်။

Most Read

Most Recent