အဝေးကွင်းမှာ ဘရိုက်တန်ကို အနိုင်ကစားပြီး နိုင်ပွဲပြန်ရခဲ့တဲ့ စပါး

အဝေးကွင်းမှာ ဘရိုက်တန်ကို အနိုင်ကစားပြီး နိုင်ပွဲပြန်ရခဲ့တဲ့ စပါး
Published 23 September 2018

Photo: Reuters

■ ဘရိုက်တန် ၁-၂ စပါး

ပရီးမီးယားလိဂ်ပွဲစဉ် (၆) စနေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်နဲ့ စပါးအသင်းတို့ရဲ့ပွဲစဉ်မှာတော့ စပါးအသင်းက (၂-၁) ဂိုးနဲ့အနိုင်ရပြီး အဆင့်(၅)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၂)ပွဲအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲဆက်ရှုံးပွဲကြုံထားတဲ့စပါးအသင်းဟာ အခုအဝေးကွင်းပွဲစဉ်မှာ ရလဒ်ကောင်းဖို့အတွက် အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းကို တွဲဖက်စေခဲ့ပါတယ်။

စပါးအသင်းဟာ ပွဲအစပိုင်းမှာတော့ ဘရိုက်တန်အသင်းရဲ့တုံ့ပြန်အားကြောင့် ကစားကွက်တည်ဖို့ခက်ခဲခဲ့ပြီး ကွင်းလယ်ပိုင်းကလည်း တိုက်စစ်နဲ့ အချိတ်အဆက်မိဖို့ ကြိုးစားခဲ့ရပါတယ်။

Photo: Twitter

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ စပါးအသင်းကစားကွက်စီးလာခဲ့ပြီး ပွဲချိန် (၄၂) မိနစ်မှာတော့ ပယ်နယ်တီရရှိခဲ့ပါတယ်။ ထရစ်ပီယာရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ဘရိုက်တန်အသင်းရဲ့လူတံတိုင်းကာကွယ်ရာမှာ လက်နဲ့ကာသလိုဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပယ်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။

ဒီပယ်နယ်တီကို ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲဆက်ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူးဟာရီကိန်းက အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး စပါးအသင်းအတွက် အဖွင့်ဂိုးဖြစ်စေခဲ့ပါတယ်။

ပထမပိုင်းမှာ (ဝ-၁) ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘရိုက်တန်အသင်းက ချေပဂိုးအတွက်ကြိုးစားလာခဲ့လို့ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ ဘရိုက်တန်အသင်းအနေနဲ့ ချေပဂိုးရဖို့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Photo: Reuters

စပါးအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၇၆) မိနစ်မှာ ဒန်နီရို့စ်ရဲ့ဘယ်တောင်ပံက ပေးပို့မှုကနေ လူစားဝင်ကစားသမား လာမယ်လာက သွင်းယူခဲ့တာပါ။

(၂)ဂိုးရသွားပြီးနောက်မှာတော့ စပါးအသင်းကစားအားအနည်းငယ်ချခဲ့တာကြောင့် ဘရိုက်တန်တို့ ပိုမိုအခွင့်အရေးတွေရလာခဲ့ပါတယ်။

ဘရိုက်တန်အတွက်ချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ နော့ကတ်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့်စပါးအသင်းနဲ့ နည်းပြပိုချက်တီနိုတို့ ဖိအားအနည်းငယ်လျော့ခဲ့သလို၊ ဟာရီကိန်းလည်း ဂိုးသွင်းနိုင်ခဲ့လို့ စပါးအတွက်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

 

■ ယနေ့ယှဉ်ပြိုင်သည့် ဥရောပပွဲစဉ်ရလဒ်များ

ပရီးမီးယားလိဂ်
ဖူလ်ဟမ် ၁-၁ ဝက်ဖို့ဒ်
ဘန်လေ ၄-၀ ဘုန်းမောက်
ကာဒစ်ဖ် ဝ-၅ မန်စီးတီး
ခရစ္စတယ်ပဲလေ့စ် ဝ-၀ နယူးကာဆယ်
လက်စတာ ၃-၁ ဟတ်ဒါဖီးလ်
လီဗာပူးလ် ၃-၀ ဆောက်သမ်တန်
မန်ယူ ၁-၁ ဝုလ်ဗ်
ဘရိုက်တန် ၁-၂ စပါး

လာလီဂါ
ဗယ်လက်ကာနို ၁-၅ အလာဗတ်စ်
ဆယ်လ်တာဗီဂို ၃-၃ ဗယ်လာဒိုလစ်
အီဘာ ၁-၀ လီဟာနက်စ်
ဂီတာဖေး ဝ-၂ အက်သလက်တီကို
ရီးယဲလ်မက်ဒရစ် ၁-၀ အက်စ်ပန်ညို

စီးရီးအေ
ပါးမား ၂-၀ ကာဂလီယာရီ
ဖီအိုရင်တီးနား ၃-၀ SPAL
ဆမ်ဒိုးရီးယား ဝ-၁ အင်တာမီလန်

ဘွန်ဒစ်လီဂါ
ဟော်ဖန်ဟင်မ် ၁-၁ ဒေါ့မွန်
ဟာသာဘာလင် ၄-၂ မိုချန်ဂလာဘတ်
အော့စ်ဘတ် ၂-၃ ဝါဒါဘရီမင်
ဝုလ်ဖ်ဘတ် ၁-၃ ဖရိုင်းဘတ်
နုရင်ဘတ် ၂-၀ ဟန်နိုဗာ
ရှော်လ်ကေး ဝ-၂ ဘိုင်ယန်မြူးနစ်

လီဂူး
လိုင်လီ ၂-၁ နန့်စ်
အန်ဂါစ် ဝ-၀ တူးလူး
မောင့်ပယ်လီယာ ၁-၀ နိုက်စ်
Reims ဝ-၀ ဒီယွန်း
စိန့်အက်တီယန် ၂-၁ ကိန်း
စထရာဘိုး ၃-၁ အာမီယန်စ်

လိဂ်ချန်ပီယံရှစ်
အက်စတွန်ဗီလာ ၁-၂ ရှက်ဖီးဝင်းစ်ဒေး
ဒါဘီ ၃-၁ ဘရန့်ဖို့ဒ်
အစ်ဝစ်ချ် ဝ-၀ ဘော်လ်တန်
လိဒ်စ် ၁-၂ ဘာမင်ဂမ်
မစ်ဒယ်ဘရော့ ဝ-၀ ဆွမ်ဆီး
နော်တင်ဟမ် ၁-၀ ရော့သာဟမ်
ရက်ဒင်း ၃-၀ ဟားလ်စီးတီး
ရှက်ဖီးယူနိုက်တက် ၃-၂ ပရက်စတန်
စတုတ်စီးတီး ၂-၃ ဘလက်ဘန်း
ဝက်စ်ဘရွန်း ၂-၀ မီဝေါလ်
QPR ဝ-၁ နောဝစ်ချ်

Most Read

Most Recent