စီရော်နယ်လ်ဒို၏ တစ်နှစ်လစာက ဖရိုဆီနိုနီအသင်းတစ်သင်းလုံး၏ တစ်နှစ်လစာထက် (၃)ဆနီးပါးပိုများနေ

စီရော်နယ်လ်ဒို၏ တစ်နှစ်လစာက ဖရိုဆီနိုနီအသင်းတစ်သင်းလုံး၏ တစ်နှစ်လစာထက် (၃)ဆနီးပါးပိုများနေ
Published 23 September 2018

Photo: Getty Images

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ တစ်နှစ်လစာမှာ ဖရိုဆီနိုနီအသင်း တစ်သင်းလုံး၏ တစ်နှစ်လစာထက် (၃)ဆနီးပါးပိုမိုများပြားနေကြောင်း သိရသည်။

စီးရီးအေ ပွဲစဉ် (၅)၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဖရိုဆီနိုနီနှင့် ဂျူဗင်တပ်စ်ပွဲကို စက်တင်ဘာလ (၂၄) ရက်နေ့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့အတွင်း ဂျူဗင်တပ်စ်အသင်းသို့ ရီးယဲလ်မက်ဒရစ်အသင်းမှ ယူရိုသန်း (၁၀၀) ဖြင့်ရောက်ရှိလာသည့် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာ ယူရို (၃၁)သန်းအထိရရှိနေသည်။

ဖရိုဆီနိုနီအသင်းတစ်သင်းလုံး၏ တစ်နှစ်လစာမှာ ယူရို (၁၁)သန်းသာရှိကြောင်း သိရသည်။ ထို့ကြောင့် စီရော်နယ်လ်ဒို၏ လစာမှာ ဖရိုဆီနိုနီအသင်းတစ်သင်းလုံး၏ လစာထက် (၃)ဆနီးပါး ပိုများနေခြင်းဖြစ်သည်။

ဖရိုဆီနိုနီအသင်းတွင် တစ်နှစ်လစာအများဆုံး ရရှိနေသည့် ကစားသမားမှာ အာဆင်နယ်အသင်းမှ ပြောင်းရွှေ့လာသည့် ကော်စတာရီကာတိုက်စစ်မှူး ဂျိုယဲလ်ကမ်းဘဲလ်ဖြစ်ပြီး ယူရို (၈၅၀၀၀၀) ဖြစ်သည်။

စီရော်နယ်လ်ဒို၏ တစ်ပတ်လစာမှာမူ ယူရို (၆၄၆၀၀၀) ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်း၏ စီးရီးအေအဖွင့်ပွဲစဉ် (၃)ပွဲတွင် ဂိုးရရန်ရုန်းကန်ခဲ့ရသော်လည်း ပြီးခဲ့သည့် ဆာဆူအိုလိုနှင့်ပွဲစဉ်တွင်မူ အသင်းအတွက် (၂) ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

စီးရီးအေတွင် စီရော်နယ်လ်ဒိုသည် အသင်းပေါင်း (၁၀)သင်းထက် တစ်နှစ်လစာ ပိုမိုရရှိနေသူဖြစ်ပြီး ယင်းအတွက် ပြိုင်ဘက်အသင်းများနှင့် ပရိသတ်အချို့၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent