ပိုဗက်ကင်နှင့်ပွဲမှာ ဒုတိယမြောက်အခက်ခဲဆုံးပွဲဖြစ်ပြီး ဖိအားများတန်နှင့်ချီ၍ရှိကြောင်း ဂျိုရှူအာ ဝန်ခံ

ပိုဗက်ကင်နှင့်ပွဲမှာ ဒုတိယမြောက်အခက်ခဲဆုံးပွဲဖြစ်ပြီး ဖိအားများတန်နှင့်ချီ၍ရှိကြောင်း ဂျိုရှူအာ ဝန်ခံ
Published 22 September 2018

(Photo by Tolga AKMEN / AFP)

WBA (စူပါ)၊ IBF နှင့် WBO ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာက ရုရှားလက်ဝှေ့သမား အလက်ဇန္ဒားပိုဗက်ကင်နှင့် ထိုးသတ်မည့်ပွဲ မှာ မိမိအတွက် ဒုတိယမြောက် အခက်ခဲဆုံးပွဲ ဖြစ်ပြီး ဖိအားပမာဏမှာလည်း တန်နှင့်ချီ၍ ရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြားသည်။

ဂျိုရှူအာနှင့် ပိုဗက်ကင်တို့၏ ဟဲဗီးဝိတ် ချန်ပီယံစိန်ခေါ်ပွဲကို စက်တင်ဘာ ၂၂ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် နံနက် ၃း၃၀နာရီ ဝန်းကျင်) တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ပရိသတ် ၈၀ç၀၀၀ ကျော်ဝင်ဆံ့သည့် ဝင်ဘလေအားကစားကွင်း၌ ကျင်းပမည်ဖြစ် သည်။

ယင်းပွဲအတွက် နောက်ဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲနှင့် ဝိတ်ချိန်သည့်အခမ်း အနားကို စက်တင်ဘာ ၂၁ ရက်ကပြုလုပ်ခဲ့ ပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဂျိုရှူ အာက ''ဖိအားတွေတော်တော်များပါတယ်။ တန်နဲ့ချီပြီးတော့ရှိတာပါ။ ဒါက အမှန်တရားပါပဲ။ တည်ငြိမ်အောင်လုပ်နေပေမဲ့ စိတ်ထဲမှာတော့ ဖိအားတွေရှိနေတာ အမှန်ပါပဲ။ ဒါက ပွဲတိုင်းဖြစ်နေကျပါ။ အကောင်းဆုံးထက် ပို ကောင်းအောင် ကျွန်တော်ဘယ်လိုလုပ်ရ မလဲ။ အနိုင်ရဖို့နည်းလမ်းရှာပြီးတော့ ပြိုင် သွားမှာပါ။ ကျွန်တော့်ရဲ့ဝမ်းဗိုက်ထဲမှာ အား တွေအများကြီးရှိတာ သိပါတယ်။ ဒါက ကျွမ်း ကျင်မှုလိုပဲ အရေးကြီးပါတယ်။ ကျွမ်းကျင်မှု နဲ့ နည်းဗျူဟာတွေ ဖယ်ထားမယ်ဆိုရင် ကျွန် တော်တို့ နှစ်ယောက်စလုံးမှာ နက်ရှိုင်းတဲ့ နှလုံးသားတစ်ခုစီရှိပါတယ်။ ဒီအချက်ကို ကလစ်ရှ်ကိုနဲ့ပွဲမှာ နှစ်ယောက်စလုံးပြခဲ့ပြီး သားပါ။ ကျွန်တော်တို့ထဲမှာ တစ်ယောက်က တော့ အခက်ခဲဆုံးအောင်မြင်မှုကို ရယူနိုင် မှာပါ။ ဒီပွဲက ကျွန်တော့်ဘဝအတွက် ဒုတိယ မြောက် အခက်ခဲဆုံးပွဲဆိုရင်လည်း ဟုတ်ပါ တယ်''ဟု ပြောကြားသည်။

(Photo by Tolga AKMEN / AFP)

ထို့ပြင် ၎င်းက   ''ဝင်ဘလေကိုပြန်လာရတာ ဘုရားသခင်ရဲ့ စောင်မမှုကြောင့်ပါပဲ။ စွမ်းဆောင်ရည်ပြရ မယ့်အချိန် ရောက်လာပါပြီ။ ဒီနေရာက ကျွန် တော့်အတွက်တော့ အထူးအဆန်းမဟုတ်ပါ ဘူး။ ကိုယ့်ရဲ့အိမ်လိုပဲ ခံစားရပါတယ်''ဟု ဆက်လက်ပြောကြားသည်။

ပိုဗက်ကင်ကလည်း ''ဒီဝိတ်တန်းမှာ ဂျိုရှူအာက အကောင်းဆုံးတစ်ယောက်ပါ။ အန်သိုနီက အရမ်းသန်မာတဲ့ တိုက်ခိုက်ရေး သမားပါ။ ဒါပေမဲ့ ကျွန်တော်ကလည်း သန်မာ တဲ့သူပါ။ ကလစ်ရှ်ကိုနဲ့ထိုးတုန်းက ကျွန်တော့် ဆီမှာ အားနည်းချက်တွေ အများကြီးပဲ။ အခု တော့ ပိုကောင်းတဲ့ပုံစံရနေပါပြီ''ဟု ပြော ကြားသည်။

ဂျိုရှူအာ (၂၈ နှစ်) သည် ပရော် ဖက်ရှင်နယ်ပွဲစဉ်စုစုပေါင်း ၂၁ ပွဲထိုးသတ် ထားရာ ပွဲအားလုံးအနိုင်ရသည့်အပြင် အလဲ ထိုးပွဲ ၂၀ အထိရရှိထားသူဖြစ်ပြီး ပိုဗက်ကင် (၃၉ နှစ်) မှာလည်း ၃၅ ပွဲထိုးသတ်ရာ ၃၄ ပွဲ နိုင်၊ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

Most Read

Most Recent