နီပေါကိုဂိုးပြတ်သွင်းယူပြီး မြန်မာအမျိုးသမီးယူ-၁၆ နှစ်ပွဲဆက်အနိုင်ရ

နီပေါကိုဂိုးပြတ်သွင်းယူပြီး မြန်မာအမျိုးသမီးယူ-၁၆ နှစ်ပွဲဆက်အနိုင်ရ
Published 22 September 2018

နီပေါနိုင်ငံတွင်ကျင်းပနေသော ၂၀၁၉ အာရှယူ-၁၆ အမျိုးသမီးယူ-၁၆ ခြေစစ်ပွဲတွင် မြန်မာယူ-၁၆ အမျိုးသမီးအသင်းသည် နီပေါကို ဂိုးပြတ်သွင်းယူနိုင်ခဲ့ပြီး (၂)ပွဲဆက်အနိုင်ကိုရယူနိုင်ခဲ့သည်။

Photo - MFF

ယခုပွဲစဉ်တွင် မြန်မာအမျိုးသမီးယူ-၁၆အသင်းသည် နီပေါအသင်းကို (၁၁-၁)ဂိုးဖြင့်အနိုင်ရခဲ့ပြီး မြန်မာအသင်း အတွက် ၅၊ ၇၊ ၁၈၊ ၂၁၊ ၃၈ မိနစ်တွင် ဆွေမာ အောင်၊ ၁၀၊ ၂၉၊ ၃၃ မိနစ်တွင် မြတ်နိုးခင်၊ ၃၁ မိနစ်တွင် ဝေဖူးအိမ်ကဂိုးများသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

Photo - MFF

နီပေါအသင်းသည် မြန်မာအသင်းကို အဖက် ဖက်မှ ယှဉ်ကစားနိုင်ခြင်းမရှိသောကြောင့် ပထမပိုင်းမှာပင် ၁၀ ဂိုးပေးခဲ့ရခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ဂိုးထပ်မံရရန် ကြိုးပမ်းသော်လည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ သည်။ မြန်မာအသင်းအတွက် ၁၁ ဂိုးမြောက် သွင်းဂိုးကို ၆၂ မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်က သွင်းယူပြီး နီပေါအသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို မိနစ် ၇၀ တွင် သွင်းယူ ခဲ့သည်။

Photo - MFF

မြန်မာ့လက်ရွေးစင်ယူ-၁၆ အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် မလေးရှားအသင်းကိုအနိုင်ရခဲ့ပြီး နှစ်ပွဲဆက်အနိုင်ရလဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

 

၂၀၁၉ အာရှယူ-၁၆ အမျိုးသမီးယူ-၁၆ ခြေစစ်ပွဲ တတိမြောက်ပွဲစဉ်အဖြစ် မြန်မာယူ-၁၆ အသင်းသည် ဖိလစ်ပိုင်အသင်းနှင့် စက်တင်ဘာ(၂၃)ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent