ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့အဆင့် ထိပ်ဆုံးနေရာ ရောက်လာပြီး မြန်မာ အဆင့် ၁၃၈ တွင် ရပ်တည်

ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့အဆင့် ထိပ်ဆုံးနေရာ ရောက်လာပြီး မြန်မာ အဆင့် ၁၃၈ တွင် ရပ်တည်
Published 21 September 2018

စက်တင်ဘာအတွက် အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းများ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်စာရင်းကို စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ရာ ဘယ်လ်ဂျီယံအသင်း ထိပ်ဆုံးနေရာရောက်လာကြောင်း သိရသည်။

ဘယ်လ်ဂျီယံအသင်းသည် ယခုလအတွင်း ခြေစမ်းပွဲတစ်ပွဲနှင့် UEFA Nations League ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ကစားရာ နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ရပြီး (စကော့တလန်ကို လေးဂိုးပြတ်၊ အိုက်စလန်ကို သုံးဂိုးပြတ်) သွင်းဂိုးခုနစ်ဂိုးရရှိကာ ပေးဂိုးမရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှာမူ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သောကြောင့် ဘယ်လ်ဂျီယံအသင်းနှင့် ရမှတ် ၁၇၂၉ မှတ်စီ တူညီကာ ပူးတွဲအဆင့် (၁) နေရာ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ အဆင့် (၁၀) အတွင်း ရပ်တည်နေသည့် အသင်းများအနက် ဘယ်လ်ဂျီယံ (၂ မှ ၁) နှင့် ဒိန်းမတ် (၉ မှ ၁၀) နှစ်သင်းသာ ရပ်တည်မှုအပြောင်းအလဲဖြစ်ပေါ်ပြီး ဘရာဇီးလ်၊ ခရိုအေးရှား၊ ဥရုဂွေး၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ စပိန်အသင်းတို့ (၆) မှ (၉) အထိ ရပ်တည်နေသည်။ နိုင်ငံတကာပွဲ ယှဉ်ပြိုင်ကစားခြင်းမရှိသည့် မြန်မာအသင်းမှာလည်း အပြောင်းအလဲမရှိဘဲ အဆင့် (၁၃၈) တွင် ဆက်လက်ရပ်တည်နေသည်။