ဖီဖာ၏ စက်တင်ဘာလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ ပူးတွဲဦးဆောင်

ဖီဖာ၏ စက်တင်ဘာလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ ပူးတွဲဦးဆောင်
Published 20 September 2018

Photo: Skysports

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်ရာ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ အမှတ်တူဖြင့် ပူးတွဲဦးဆောင်ခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အသင်းနှစ်သင်း ပူးတွဲဦးဆောင်ခြင်းမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထုတ်ပြန်ခဲ့သည့် (၂၅)နှစ်တာသက်တမ်းအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရှိရသည်။

Photo: FIFA

ယခုလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များမှာ Nations League ရလဒ်များအပေါ် အခြေခံခဲ့သည့်အတွက် နိုင်ပွဲရခဲ့သည့် ဥရောပအသင်းအများစု အဆင့်မြင့်တက်ခဲ့ကြောင်းလည်း သိရှိရသည်။

ဘယ်လ်ဂျီယံအသင်းသည် Nations League ပြိုင်ပွဲတွင် အိုက်စလန်အသင်းကို အဝေးကွင်း၌ ဂိုးပြတ်အနိုင်ရခဲ့ပြီး ပြင်သစ်အသင်းမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ကြောင်းလည်း သိရှိရသည်။
ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် ဒိန်းမတ်တစ်သင်းသာ အဆင့်ကျခဲ့ပြီး ကျန်အသင်းအများစုမှာ ယခင်လက အဆင့်အတိုင်း ဆက်ရှိခဲ့ကြသည်။
မြန်မာအသင်းမှာလည်း ယခင်လကအတိုင်း ကမ္ဘာ့အဆင့် (၁၃၈)နေရာတွင် ဆက်လက်တည်ရှိခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent