ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မက်ဆီ ဂိုးသွင်းယူနိုင်သည့်အသင်းပေါင်း (၃၀)အထိ ရှိလာခဲ့

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မက်ဆီ ဂိုးသွင်းယူနိုင်သည့်အသင်းပေါင်း (၃၀)အထိ ရှိလာခဲ့
Published 20 September 2018

Photo: AFP

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ယခုတစ်ပတ် ချန်ပီယံလိဂ်ပွဲစဉ်တွင် PSV အသင်းကို ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသင်းပေါင်း(၃၀)ကို ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
မက်ဆီသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးပေါင်း(၁၀၃)ဂိုး သွင်းယူထားပြီး ၂၀၀၅ ခုနှစ်က ပင်နာသီနိုင်းကော့စ်အသင်းကို ပထမဆုံးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

Photo: Marca

မက်ဆီ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သည့် ပြိုင်ဘက်အသင်းမှာ အာဆင်နယ်ဖြစ်ပြီး စုစုပေါင်း(၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
မက်ဆီသည် ချန်ပီယံလိဂ်ဂိုးအရေအတွက်တွင် ပြိုင်ဘက် စီရော်နယ်လ်ဒိုကို လိုက်မီခြင်းမရှိသေးသော်လည်း ဟက်ထရစ်ရရှိမှု အရေအတွက်တွင်မူ စီရော်နယ်လ်ဒိုကို အသာရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
မက်ဆီသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်သည့် အင်တာမီလန်နှင့် စပါးအသင်းတို့ကို ဂိုးသွင်းယူဖူးခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

Most Read

Most Recent