ခြေချင်းဝတ်ခွဲစိတ်မှုကြောင့် ဝဲလ်ရှိုင်းယား(၆)ပတ်ခန့် အနားယူရမည်

ခြေချင်းဝတ်ခွဲစိတ်မှုကြောင့် ဝဲလ်ရှိုင်းယား(၆)ပတ်ခန့် အနားယူရမည်
Published 20 September 2018

 

 

Photo: Sky Sports

ဝက်စ်ဟမ်းအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဝဲလ်ရှိုင်းယားသည် ခြေချင်းဝတ်ခွဲစိတ်မှုကြောင့် ရက်သတ္တပတ် (၆)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။

ဝဲလ်ရှိုင်းယားသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။

သူ၏ခြေချင်းဝတ်ဒဏ်ရာခွဲစိတ်မှုမှာ အသေးစားခွဲစိတ်မှုသာဖြစ်ကြောင်းနှင့် ရက်သတ္တပတ် (၆)ပတ်ခန့်သာ အနားယူရမည်ဖြစ်ကြောင်း ဝက်စ်ဟမ်းဆေးအဖွဲ့တာဝန်ရှိသူ ရစ်ချက်ကောလင်းက ပြောကြားခဲ့သည်။

"ဂျက် (ဝဲလ်ရှိုင်းယား)ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က လန်ဒန် ဆေးရုံတစ်ခုမှာ ခြေချင်းဝတ်ဒဏ်ရာကို အသေးစားခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ သူ့ရဲ့ခွဲစိတ်မှုဟာ ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးခဲ့ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent