သတင်းတိုများစုစည်းဖော်ပြမှု

သတင်းတိုများစုစည်းဖော်ပြမှု
Published 20 September 2018

 

Photos: Mirror,Getty Images

စပါးအသင်း၏ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်က လက်ရှိစပါးအသင်း ကြုံ တွေ့နေရသော ရလဒ်ဆိုးများအတွက် မိမိတို့ကစားသမားများအနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြောင်းမပြ သင့်ဟု ပြောကြားခဲ့သည်။ စပါးအသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ကစားသမားစုစုပေါင်း(၁၂)ဦး စေလွှတ်ခဲ့ရသည့်အသင်းဖြစ်သည်။ အဲရစ်ဆင်က "ကျွန်တော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မောပန်းနွမ်းနယ်နေတယ်လို့ အကြောင်း ပြလို့မရပါဘူး။ ကမ္ဘာ့ဖလားအပြီးမှာလည်း အနားရခဲ့ကြတာပဲ။ အခုအသင်းရဲ့ ရလဒ်ကျဆင်းမှုတွေက မောပန်းနွမ်းနယ်နေတာကြောင့် မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းမှ ကွင်းလယ်လူ လူးကပ်စ်ပါကွေတာအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ အရည်အသွေးရှိ လူငယ်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံရသူ ပါကွေတာကို ခေါ်ယူရန် ဘာစီလိုနာ၊ အေစီမီလန်၊ PSG အစရှိသော ဥရောပအသင်းကြီးများကလည်း အပြိုင်ပစ် မှတ်ထားနေကြသည်။ ဖလာမင်ဂိုအသင်း နှင့် ၎င်းချုပ်ဆိုထားသည့်စာချုပ်တွင် အသင်း မှထွက်ခွင့်လျော်ကြေးကို ယူရိုသန်း(၅၀) သတ်မှတ်ထားကြောင်း သိရသည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏ လက်ထောက်နည်းပြဖြစ်သူ အာတီတာက ပြီးခဲ့သည့် နွေရာသီကာလအတွင်း အာဆင်နယ်အသင်းနည်းပြဖြစ်လာရန် အခွင့်အရေးရှိခဲ့ပြီး ဖြစ်မလာခဲ့ခြင်း အတွက် တစ်စုံ တစ်ရာပူဆွေးဝမ်းနည်းမှုမဖြစ်မိဟု ပြောကြားခဲ့သည်။ အာတီတာက မိမိအနေဖြင့် လက်ရှိ မန်စီးတီးအသင်းတွင် ပျော်ရွှင်နေသည်ဟုလည်း ပြောကြားခဲ့သည်။ အာဆင်နယ်နှင့် အဲဗာတန်ကွင်းလယ်လူဟောင်း အာတီတာသည် အဲဗာတန်အသင်းနည်းပြ ဖြစ်လာရန်လည်း ရေပန်းစားခဲ့သူဖြစ်သည်။

ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီးနီက အသင်းတွင် ခြေစွမ်းပြကစားနေသော အာဂျင်တီးနားကွင်းလယ်လူ ပယ်ရေရာကို ချီးကျူးလိုက်ပြီး မိမိတွဲကစားခဲ့ဖူးသော ကစားသမားများထဲတွင် ပယ်ရေရာမှာ အကောင်းဆုံး ကစားသမားဖြစ်သည်ဟု ပြောကြားလိုက်သည်။ ရေးဗားပလိတ်ကွင်းလယ်လူဟောင်း ပယ်ရေရာသည် ၂၀၁၆ နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ ဝက်ဖို့ဒ် အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံပွဲ(၅၀) ကစားကာ (၁၀)ဂိုးသွင်းယူပေးထားသည်။

မန်ယူအသင်း၏ စပိန်လက်ရွေးစင်ဂိုးသမား ဒီဟေးယားက မိမိအား ပြစ်တင်ဝေဖန်မှုများ စွာရှိနေသော်လည်း မိမိအနေဖြင့် စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေမည်မဟုတ်ဟု ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်း ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခဲ့ရပြီးနောက် စပိန်မီဒီယာများက ယင်းပြိုင်ပွဲတွင် လက်စွမ်းကျဆင်းခဲ့သော ဒီဟေးယားကို ဝေဖန်ပြစ်တင် ခဲ့ကြသည်။ ၎င်းက "ကျွန်တော့် အကြောင်းပြောနေတဲ့သူတွေရဲ့ စကားတွေကို ကျွန်တော် ဘယ်တော့မှနားမထောင်ပါဘူး။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်ပြီး ကိုယ့်အသင်းအတွက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားကစားနေပါတယ်" ဟု ပြောကြား ခဲ့သည်။

Most Read

Most Recent