ချန်ပီယံလိဂ်သမိုင်းတွင် ရီးယဲလ်နှင့် ဘာစီလိုနာတို့ ပယ်နယ်တီအများဆုံးရရှိထား

ချန်ပီယံလိဂ်သမိုင်းတွင် ရီးယဲလ်နှင့် ဘာစီလိုနာတို့ ပယ်နယ်တီအများဆုံးရရှိထား
Published 19 September 2018

၁၉၉၂-၉၃ ရာသီမှစတင်ကာ ချန်ပီယံလိဂ်အမည်ဖြင့် ကျင်းပခဲ့သည့် ပြိုင်ပွဲသမိုင်းတစ်လျှောက် စပိန်ထိပ်သီးကလပ်များဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့မှာ ပယ်နယ်တီအများဆုံးရရှိသည့်အသင်းများအဖြစ် ရပ်တည်နေကြောင်း သိ ရသည်။

Photos: AFP

ကျင်းပပြီးစီးခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ (၂၆)ရာသီတွင် ဒိုင်လူကြီးများက ပယ်နယ်တီ (၆၃၁) ကြိမ်ပေးခဲ့ပြီး စုစုပေါင်း၏ (၁၃) ရာခိုင်နှုန်းဖြစ်သည့် (၈၄) ကြိမ်ကို ရီးယဲလ်၊ ဘာစီလိုနာအသင်းများက ရရှိခဲ့ကာ (၄၂) ကြိမ်စီဖြင့် ထိပ်ဆုံးတွင်ရှိနေခြင်းဖြစ်သည်။ ပယ်နယ်တီအများဆုံးပေးခံရမှုတွင် ရီးယဲလ်အသင်းမှာ အာဆင်နယ်အသင်းနှင့်အတူ (၂၃) ကြိမ်ဖြင့် အများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းပယ်နယ်တီ (၆၃၁) ကြိမ်တွင် (၄၈၈) ကြိမ် (၇၇ ရာခိုင်နှုန်း)မှာ ဂိုးဝင်ခဲ့ပြီး ၃၈ ကြိမ် (၆ ရာခိုင်နှုန်း)မှာလွဲချော်ခဲ့ကာ ၁၀၃ ကြိမ် (၁၇ ရာခိုင်နှုန်း)မှာမူ ပြိုင်ဘက်အသင်းဂိုးသမားများက ကာကွယ်သွားနိုင်ခဲ့ကြောင်း သိရသည်။

ကစားသမားများအနက် စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ပယ်နယ်တီဂိုးအများဆုံးအဖြစ် ရပ်တည်နေပြီး ကန်သွင်းသည့် (၁၈) ကြိမ်တွင် (၁၅) ဂိုးသွင်းယူနိုင်ခဲ့သည်။ ၎င်း၏နောက်တွင် မက်ဆီက (၁၄) ကြိမ်တွင် (၁၁) ဂိုး၊ နစ္စတယ်ရွိုင်းက (၁၄) ကြိမ်တွင် (၁၀) ဂိုး ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။ သို့သော် ပယ်နယ်တီ(အနည်းဆုံး ၅ကြိမ်)ကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှုရာခိုင်နှုန်းတွင် လီဝန်ဒေါစကီးနှင့် ဒယ်လ်ပီယာရိုတို့က အကောင်းဆုံးဖြစ်နေပြီး (၇)ကြိမ်ကန်သွင်းမှုတွင် (၇)ဂိုးရရှိ ခဲ့သည်။ ပယ်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲ နိုင်မှု ရာခိုင်နှုန်းအနည်းဆုံးကစားသမားအဖြစ် ချယ်လ်ဆီးအသင်းအဓိကကစားသမား ဟာဇက်က ထိပ်ဆုံးတွင်ရှိနေပြီး ပယ်နယ်တီ (၇)ကြိမ်ကန်သွင်းမှုတွင် (၄)ဂိုးသာရရှိခဲ့ကာ ရာခိုင်နှုန်းအားဖြင့် (၅၇) ရာခိုင်နှုန်းသာ ရှိခဲ့သည်။

Most Read

Most Recent