ချန်ပီယံလိဂ်ဖလားကို ထပ်မံရယူနိုင်ရန် မိမိတို့အသင်း ရေပန်းစားနေဆဲဟု ဘန်ဇီမာ ကြုံးဝါး

ချန်ပီယံလိဂ်ဖလားကို ထပ်မံရယူနိုင်ရန် မိမိတို့အသင်း ရေပန်းစားနေဆဲဟု ဘန်ဇီမာ ကြုံးဝါး
Published 18 September 2018

 AFP PHOTO / FRANCK FIFE

ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာက မိမိ တို့အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ထပ်မံရယူနိုင်ရန် ရေပန်းစားနေဆဲဖြစ်သည်ဟု ကြုံးဝါးခဲ့သည်။

ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး(၃)ရာသီဆက်တိုက် ဆုဖလားရယူထားနိုင်သည့် လက်ရှိချန်ပီယံအသင်းဖြစ်ပြီး ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းလည်းဖြစ်သည်။

သို့သော် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒို ဂျူဗင်တပ်စ်အသင်းသို့ ပြောင်း ရွှေ့သွားခဲ့သည့်အတွက် လူကြိုက်များမှု လျော့ ကျခဲ့သော်လည်း ဘန်ဇီမာက ဗိုလ်စွဲရန် ရေ ပန်းစားနေဆဲဖြစ်သည်ဟု ကြုံးဝါးခဲ့ခြင်းဖြစ်သည်။

 (Photo by LLUIS GENE / AFP)

ဘန်ဇီမာက ''ဒီပြိုင်ပွဲက ခြားနားတဲ့ အဆင့်တစ်ဆင့်မှာ ရှိပါတယ်။ ပွဲတိုင်းက အ ရေးကြီးပြီး လွယ်ကူတဲ့ပွဲဆိုတာ မရှိပါဘူး။ ဒါ ပေမဲ့ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ။ နှစ်တိုင်းအောင်ပွဲခံနေ တဲ့အသင်းပါ။ တောင့်တင်းတဲ့ ပြိုင်ဘက်တွေ အများကြီးရှိလာတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ချန်ပီယံ ဆုကို ရယူနိုင်ခြေအရှိဆုံးအသင်းတွေထဲမှာ ပါဝင်နေဆဲပဲလို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလို ကံကြမ္မာကောင်းရရှိဖို့လည်း မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိချန်ပီယံ ရီးယဲလ်အသင်းသည်  အုပ်စုအဆင့်တွင် ရိုးမား၊ CSKAမော်စကို၊ ဗစ်တိုးရီးယားပါလ်ဇန်တို့နှင့် ကျရောက်ခဲ့သည့်အတွက် အုပ်စုချောင်သည့်အနေအထားဖြစ် ခဲ့သော်လည်း အုပ်စုအဖွင့်ပွဲအဖြစ် အင်အားအတောင့်တင်းဆုံး ရိုးမားအသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent