ချန်ပီယံလိဂ်ဖလားကိုရော ပရီးမီးယားလိဂ်ဖလားကိုပါ မိမိတို့ရယူနိုင်စွမ်းရှိသည်ဟု ဆာလာ ပြောကြား

ချန်ပီယံလိဂ်ဖလားကိုရော ပရီးမီးယားလိဂ်ဖလားကိုပါ မိမိတို့ရယူနိုင်စွမ်းရှိသည်ဟု ဆာလာ ပြောကြား
Published 18 September 2018

 (Photo by Paul ELLIS / AFP)

လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာက မိမိတို့အနေဖြင့် ယခုရာသီတွင်  ချန်ပီယံလိဂ်ဖလားကိုရော ပရီးမီးယားလိဂ်ဖလားကိုပါ ရယူနိုင်စွမ်းရှိသည်ဟု ပြော ကြားခဲ့သည်။

ဆာလာသည် ပြင်သစ်ဘောလုံးမဂ္ဂဇင်း နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ''ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်တစ်ကြိမ် တက်ရောက်နိုင်လိမ့်ဦးမယ် လို့ ယုံကြည်သလို ဒီဆုဖလားကို ရယူနိုင်မယ် လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ ချန်ပီယံလိဂ်ဖလားကိုရော ပရီးမီးယား လိဂ်ဖလားကိုပါ ရယူနိုင်စွမ်းရှိတယ်လို့လည်း ထင်ပါတယ်။ ဒါကို ဖိအားတစ်ခုအဖြစ်တော့ မသက်ရောက်စေချင်ပါဘူး။ ဒါပေမဲ့ အားလုံး က  ဖြစ်နိုင်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲဆက်နေသော် လည်း အင်္ဂလန်လက်ရွေးစင်ကစားသမား ဟောင်း ဂယ်ရီနဗီးလ်က ချန်ပီယံလိဂ်နှင့် ပရီး မီးယားလိဂ် ပြိုင်ပွဲနှစ်ရပ်စလုံးတွင် အောင်မြင် မှုရယူနိုင်ရန် မဖြစ်နိုင်သည့်အတွက် ပရီးမီး ယားလိဂ်ပြိုင်ပွဲကိုသာ အာရုံစိုက်ယှဉ်ပြိုင်သင့် ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

 (Photo by Paul ELLIS / AFP)

ထို့ ကြောင့်  ဆာလာက ဂယ်ရီနဗီးလ်၏ ဝေဖန်မှု ကို တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် လီ ဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG၊ နာပိုလီတို့နှင့် တစ်အုပ်စုတည်း ကျ ရောက်နေသည့်အတွက် နောက်တစ်ဆင့် တက်ရောက်နိုင်ရန်ပင် ခက်ခက်ခဲခဲရုန်းကန် ရဖွယ်ရှိနေကြောင်းလည်း ကျွမ်းကျင်သူများ က  သုံးသပ်ထားသည်။

လီဗာပူးလ်အသင်း သည် အုပ်စုအဖွင့်ပွဲအဖြစ် PSG အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း လည်း သိရှိရသည်။

Most Read

Most Recent