ဗလင်စီယာနှင့်ပွဲတွင် လက်မှတ်ဈေးနှုန်းတိုးမြှင့်ရန် မန်ယူတာဝန်ရှိသူများ စီစဉ်

ဗလင်စီယာနှင့်ပွဲတွင် လက်မှတ်ဈေးနှုန်းတိုးမြှင့်ရန် မန်ယူတာဝန်ရှိသူများ စီစဉ်
Published 18 September 2018

AFP PHOTO / Oli SCARFF / RESTRICTED TO EDITORIAL USE.

မန်ယူအသင်းတာဝန်ရှိသူများ သည် ချန်ပီယံလိဂ်အုပ်စုပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ဗလင်စီယာအ သင်းနှင့်ကစားမည့်ပွဲတွင် ဧည့်သည် အသင်းပရိသတ်များအတွက် စီစဉ် ထားသည့် ထိုင်ခုံလက်မှတ်များအား ဈေးနှုန်းတိုးမြှင့်သွားရန် ပြင်ဆင်နေ ကြောင်း သိရသည်။

ဗလင်စီယာအသင်းသည် လာမည့် ဒီဇင်ဘာ(၁၂)ရက်တွင် မန်ယူအသင်းနှင့်ကစားမည့် အိမ်ကွင်းပွဲစဉ်အား အိမ်ကွင်းပရိသတ်များအတွက် ထိုင်ခုံ (၅၀၀၀)သာ စီစဉ်ပေးထားပြီး အဝေးကွင်းပရိသတ်များအတွက် လက် မှတ်ဈေးနှုန်းကို အနိမ့်ဆုံး (၈၈)ယူရိုမှ (၂၃၀)ယူရိုအထိ သတ်မှတ်ထားရာ မန်ယူအသင်းက ယင်းကဲ့သို့ တုံ့ပြန် ရန် စီစဉ်လာခြင်းဖြစ်သည်။

မန်ယူအသင်းသည် အောက်တိုဘာ (၂)ရက်တွင် ကစားမည့် ဗလင် စီယာအသင်းနှင့် အိမ်ကွင်းပွဲစဉ်အ တွက် အဝေးကွင်းပရိသတ်များအား  လက်မှတ်တစ်စောင်လျှင်  (၆၁) ယူရို မှ (၈၈)ယူရိုအထိ ဈေးနှုန်းတိုးမြှင့်ရန် စီစဉ်ထားပြီး ပုံမှန်ဈေးနှုန်းထက် (၂၇) ယူရို ပိုမိုပေးချေရမည်ဖြစ်သည်။

 AFP PHOTO / Oli SCARFF / RESTRICTED TO EDITORIAL USE. 

မန်ယူအသင်းသည် လက်မှတ်ဈေးနှုန်း အတွက် အုပ်စုတွင်းအသင်းများအားလုံးနှင့် ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဗလင်စီယာအသင်းက လက်မခံဘဲ မိမိတို့အသင်းမှာ တစ်ရာသီစာလက်မှတ်တွင်  ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များအား ထည့်သွင်းထားသည်ဟုဆိုကာ အဝေးကွင်းပရိသတ်များအတွက် ဈေးနှုန်း အဆမတန်တိုးမြှင့်ထားခြင်းဖြစ်သည်။

မန်ယူသည် ချန်ပီယံလိဂ်ပြိုင် ပွဲတွင် ဂျူဗင်တပ်စ်၊ ဗလင်စီယာ၊ ယန်း ဘွိုင်းစ်တို့နှင့် တစ်အုပ်စုတည်း ကျ ရောက်နေသည်။