ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 17 September 2018

Photo : Southampton fc

ဆောက်သမ်တန် နှင့် ဘရိုက်တန် (အင်္ဂါနံနက် ၁း၃၀ နာရီ)

ဆောက်သမ်တန်က ကြယ်ပွင့်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းမျိုးမဟုတ်တော့ဘူး။ ဒါပေမဲ့ ကစားသမားကောင်းတချို့ရှိသလို၊ ဟန်ချက်ညီအသင်းတစ်သင်းအဖြစ်လည်း မြင်ရတယ်။ အဲဗာတန်နဲ့ လက်စတာတို့ကိုရှုံးခဲပေမယ့် အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့သလို၊ နောက်ဆုံးကစားခဲ့တဲ့ပဲလေ့စ်နဲ့ပွဲမှာလည်း ပုံစံကောင်းပြနိုင်ခဲ့တယ်။ အိမ်ကွင်းမှာ ဘရိုက်တန်ကို အနိုင်ကစားဦးမှာပါ။

ဟီရိုနာ နှင့် ဆယ်လ်တာဗီဂို (အင်္ဂါနံနက် ၁း၃၀ နာရီ)

ရာသီအစမှာ ဆယ်လ်တာဗီဂို ခြေစွာနေသလို တွေ့ရပေမယ့် အဝေးကွင်းပွဲတွေမှာ ခြေစွမ်းပုံမှန်တွက်ထားလို့ မရသေးပါဘူး။ ဟီရိုနာကလည်း အိမ်ကွင်းအမှားနည်းအောင် ကစားတတ် တဲ့အသင်းဖြစ်နေတယ်။ ဟီရိုနာနဲ့ ဂိုးအများပဲကြိုက်တယ်။

SPAL နှင့် အတ္တလန်တာ (အင်္ဂါနံနက် ၁း၀၀ နာရီ)

SPAL အတွက် ပွဲကျပ်ကာလတွေစတင်လာပြီလို့ ဆိုရမယ်။ ရာသီအစ (၂)ပွဲဆက် One Goal Margin တွေနဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံးပွဲမှာ တိုရီနိုကို အညံ့ခံခဲ့ရလို့ ဖွဲ့စည်းပုံပျက်စီးသွားမလား စောင့်ကြည့်ရမယ်။ အတ္တလန်တာက တစ်ဦးချင်းလျင်မြန်မှုနဲ့ တောင်ပံတိုက်စစ်ကို ဦးစားပေးပြီး ဂိုးတွေရနေပေမယ့် ခံစစ်က မလုံခြုံဘူး။ (၃)ပွဲကစားပြီးချိန်မှာ (၇)ဂိုးသွင်းထားတဲ့ အတ္တလန်တာတိုက်စစ်နဲ့ (၁)ဂိုးပဲပေးထားရတဲ့ SPAL ခံစစ် အားပြိုင်မယ့်ပွဲမျိုးဖြစ်ပြီး SPAL အမှတ်ရမယ်။

 

Most Read

Most Recent