ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို ချယ်လ်ဆီး စိတ်ဝင်စား

ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို ချယ်လ်ဆီး စိတ်ဝင်စား
Published 17 September 2018

 

Photo: AFP

ချယ်လ်ဆီးအသင်းသည် ဖူလ်ဟမ်အသင်း၏ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး မီထရိုဗစ် (၂၃ နှစ်) ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

မီထရိုဗစ်သည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီက နယူးကာဆယ်အသင်းမှ ဖူလ်ဟမ်အသင်းသို့ အငှားလာရောက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့၍ ဖူလ်ဟမ်အသင်းက အပြီးသတ်ခေါ်ယူခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ၎င်းအတွက် ပေါင် (၂၂)သန်းအထိပေး၍ ဖူလ်ဟမ်အသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် အသင်းတိုက်စစ်တွင် ရုန်းကန်နေရသော စပိန်တိုက်စစ်မှူး မိုရာတာ နှင့် အသက်(၃၂)နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ဂျရူးတို့ ၏အနေအထားများကို အားမရခြင်းကြောင့် ငယ်ရွယ်ပြီး သွက်လက်သောတိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူလိုနေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent