မာစီယဲလ်နှင့် ပါရီဆစ် လဲလိုသည့်မန်ယူ၏အကြံ အင်တာမီလန် လက်မခံ

မာစီယဲလ်နှင့် ပါရီဆစ် လဲလိုသည့်မန်ယူ၏အကြံ အင်တာမီလန် လက်မခံ
Published 17 September 2018

 

Photos: Manchester Evening News

 

မန်ယူအသင်းသည် အသင်း၏ ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်နှင့် အင်တာမီလန်အသင်း၏ ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်အား လဲလှယ်ရန် ကမ်းလှမ်းခဲ့သော်လည်း အင်တာမီလန်အသင်းတာဝန်ရှိသူများက ယင်းကမ်းလှမ်းမှုကို လက်မခံဘဲ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် မာစီယဲလ်အား ခေါ်ယူရန် ဆန္ဒရှိနေသော်လည်း ပါရီဆစ်ကို လက်လွှတ်လိုခြင်း မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ခရိုအေးရှားလက်ရွေးစင်အသင်းတွင် ခြေစွမ်းပြကစားခဲ့သူ ပါရီဆစ်သည် ယခုရာသီ စီးရီးအေပွဲစဉ်များတွင်လည်း အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိသည်။

ပါရီဆစ်သည် ယခုရာသီ အင်တာမီလန်အသင်းအတွက် စီးရီးအေပွဲစဉ် (၄) ပွဲစလုံး ပါဝင်ကစားထားပြီး (၂)ဂိုးသွင်းယူပေးထားသည်။ သူသည် အင်တာမီလန်အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၂၂)ပွဲကစားကာ (၃၃)ဂိုးသွင်းယူပေးခဲ့သည်။

Most Read

Most Recent