ဝက်ဖို့ဒ်အသင်း၏ တိုင်ကြားမှုအပေါ် မစိုးရိမ်ဟု မာကိုဆေးလ်ဗား ဆို

ဝက်ဖို့ဒ်အသင်း၏ တိုင်ကြားမှုအပေါ် မစိုးရိမ်ဟု မာကိုဆေးလ်ဗား ဆို
Published 16 September 2018

 

Photo: Mirror

အဲဗာတန်အသင်းအပေါ် ဝက်ဖို့ဒ်အသင်း၏ တိုင်ကြားမှုအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မိမိအနေဖြင့် ယင်းကိစ္စအား စိုးရိမ်ပူပန်မှုမရှိကြောင်း အဲဗာတန်အသင်းနည်းပြ မာကို ဆေးလ်ဗားက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီက ဝက်ဖို့ဒ်အသင်းနည်းပြအဖြစ် မာကိုဆေးလ်ဗား တာဝန်ယူစဉ် အဲဗာတန်အသင်းက ၎င်းကို ခေါ်ယူရန် ချဉ်းကပ်ခဲ့သည်။ ယင်းကဲ့သို့ ချဉ်းကပ်ခံရပြီး နောက် ဝက်ဖို့ဒ်အသင်းမှာ ရလဒ်များ ဆိုးရွားခဲ့ရာ အသင်း တာဝန်ရှိသူများက ဒေါသထွက်ခဲ့ကြပြီး နောက်ဆုံးတွင် မာကိုဆေးလ်ဗားနှင့် လမ်းခွဲခဲ့သည်။

အဲဗာတန်အသင်း၏ ချဉ်းကပ်ခဲ့မှုအတွက် ဝက်ဖို့ဒ်အသင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ဥပဒေရေးရာအဖွဲ့တစ်ခုကို ငှားရမ်းပြီး ယင်းကိစ္စကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ မာကိုဆေးလ်ဗားက မိမိအနေဖြင့် အဲဗာတန်အသင်း ရလဒ်ကောင်းများရရှိရန်သာ အာရုံစိုက်သွားမည်ဖြစ်ပြီး ယင်းကိစ္စကို ခေါင်းထဲမထားဟု ပြောကြားခဲ့သည်။

Most Read

Most Recent