ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 15 September 2018

ဘိုင်ယန်မြူးနစ် နှင့် လေဗာကူဆင် (စနေည ၈း၀၀ နာရီ)

လေဗာကူဆင်အနေနဲ့ ဘိုင်ယန်အသင်းကို နောက်ဆုံးအနိုင်ရခဲ့တာ ၂၀၁၅ ခုနှစ်ကပါ။ ဘိုင်ယန်ကွင်းမှာလည်း (၅)ရာသီဆက်တိုက် အရှုံးပေးထားရတယ်။ လတ်တလောမှာလည်း လေဗာကူဆင်က ရာသီအဖွင့်(၂)ပွဲဆက် အရေးနိမ့်ပြီး Rhythm အောက်နေတဲ့ပုံပါပဲ။ ဘိုင်ယန်ကတော့ နည်းပြသစ် နီကိုကိုဗက်လက်အောက်မှာ ကစားကွက်အထိုင်က တဖြည်းဖြည်းအသားကျလာတယ်။ (၄-၁-၄-၁) နဲ့ (၄-၂-၃-၁) တို့ကို အလျဉ်းသင့်သလို သုံးနေပြီး ဘယ်ကစားကွက်ပဲသုံးသုံး ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တောင်ပံတိုက်စစ်မှာ ကိုးမန်း ဒဏ်ရာရသွားချိန် ရော်ဘင်၊ ရီဘာရီတို့အပေါ် ပဲ မှီခိုနေတာထက် အပြောင်းအလဲတစ်ခုကို ကိုဗက်အနေနဲ့ ပြင်ဆင်ထားသင့်တယ်။ မြူးနစ်ကွင်းမှာတော့ ဘိုင်ယန် ဂိုးပြတ်မှာပါ။

 AFP PHOTO / Guenter SCHIFFMANN

လိုက်ပ်ဇစ် နှင့် ဟန်နိုဗာ (စနေည ၈း၀၀ နာရီ)

တန်းတက်အသင်းကိုတောင် အနိုင်မရခဲ့တဲ့ လိုက်ပ်ဇစ်ကို ယုံစားရခက်ပါတယ်။ ဝါဒါဘရီမင်၊ ဒေါ့မွန်တို့ကို သရေခံကစားထားတဲ့ ဟန်နိုဗာ ဂိုးပြတ်ရှုံးဖို့မရှိပါဘူး။

မိန့်ဇ် နှင့် အော့စ်ဘတ် (စနေည ၈း၀၀ နာရီ)

(၂)သင်းစလုံးမှာ ဒဏ်ရာပြဿနာတွေများပေမယ့် ရာသီအစရလဒ်ပိုင်း မဆိုးဘူး။ အိမ်ကွင်းမာတဲ့ မိန့်ဇ် အနိမ့်ဆုံးသရေ ကစားမယ်။

ဝုလ်ဖ်ဘတ် နှင့် ဟာသာဘာလင် (စနေည ၈း၀၀ နာရီ)

ရာသီအဖွင့် (၂)ပွဲဆက် အနိုင်ရထားတဲ့အသင်းတွေ တွေ့ဆုံတာဖြစ်ပြီး ဝုလ်ဖ်ဘတ်က ရှော်လ်ကေး၊ လေဗာကူဆင်တို့လို အသင်းတွေကို အနိုင်ယူခဲ့တာပါ။ ဝုလ်ဖ်ဘတ်ပဲ နိုင်ဖို့များတယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၈း၀၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်အနေနဲ့ အိမ်ကွင်းလက်ခံကစားရတာကလွဲလို့ ဟော်ဖန်ဟင်မ်နဲ့ယှဉ်ရင် အဖက်ဖက်က အားနည်းနေပါတယ်။ ဟော်ဖန်ဟင်မ်ကိုပဲ ရွေးချယ်ချင်တယ်။

မိုချန်ဂလာဘတ် နှင့် ရှော်လ်ကေး (စနေည ၁၁း၀၀ နာရီ)

ရှော်လ်ကေးအသင်းက ရာသီအစမှာ ပွဲကျပ်တွေတောက်လျှောက်ကစားနေရတယ်။ မိုချန် အိမ်ကွင်းမာပေမယ့် ရှော်လ်ကေး အမှတ်ယူနိုင်စွမ်းရှိပါတယ်။

 

 

 

 

Most Read

Most Recent