■ ယနေ့ယှဉ်ပြိုင်မည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ယှဉ်ပြိုင်မည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 14 September 2018

ဟူဆကာ နှင့် ဗယ်လက်ကာနို (စနေနံနက် ၁း၃၀ နာရီ)

တန်းတက်အသင်းဆိုပေမယ့် ဟူဆကာရဲ့လုပ်အားနှုန်း ကောင်းပြီး တိုက်စစ်ကဂိုးရအောင်ကစားတတ်ပုံတွေကို ပြီးခဲ့ တဲ့ အဖွင့်ပွဲ (၃)ပွဲမှာတွေ့ထားရတယ်။ ဒါကြောင့်ဟူဆကာရဲ့ အိမ်ကွင်းအဖွင့်ပွဲမှာ ဗယ်လက်ကာနိုအသင်းဘယ်လောက် တောင့်ခံနိုင်မလဲကြည့်ရမယ်။ ဟူဆကာနဲ့ ဂိုးအနည်းပဲတင်တယ်။

 

ဒေါ့မွန် နှင့် ဖရန့်ဖတ် (စနေနံနက် ၁း၀၀ နာရီ)

ဒေါ့မွန်က အိမ်ကွင်းမှာ ဖရန့်ဖတ်ကို (၇)ပွဲဆက် အနိုင် ကစားထားပြီး (၆)ပွဲက ဂိုးပြတ်နိုင်ခဲ့တာပါ။ ပူလီရှစ် ပြန်ကစား ဖွယ်ရှိနေတဲ့ ဒေါ့မွန်တိုက်စစ်ကို ဖရန့်ဖတ် ထိန်းနိုင်ဖို့ မလွယ်ပါ ဘူး။ ဒေါ့မွန် ဂိုးပြတ်နိုင်ဖို့များတယ်။

 

နိုက်စ် နှင့် ရန်းစ် (သောကြာည ၁၁း၃၀ နာရီ)

နိုက်စ်အသင်း နိုင်ပွဲပြန်တွေ့ထားပေမယ့် ခြေစွမ်း အကောင်းကြီးမဟုတ်ဘူး။ ရန်းစ်က ခြေစွမ်းအတက်ဖက်ရောက်နေလို့ နိုက်စ် သရေထက်ပိုမရနိုင်ပါဘူး။

PSG နှင့် စိန့်အက်တီယန် (စနေနံနက် ၁း၁၅ နာရီ)

အခုပွဲကို PSG အသင်းရဲ့ အဓိကတိုက်စစ်မှူး ဘာပေ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာ ကာဗာနီ၊ နေမာတို့ ရှိနေလို့ စိုးရိမ်စရာမလိုတဲ့ အနေအထားပါ။ ဗာရက်တီ ဒဏ်ရာကြောင့် အနားယူနေရပြီး ကွင်းလယ်ခံစစ်မှာ မာကင်ဟို့စ် ဝင်ကစားနေရလို့ ကွင်းလယ်က ဟန်ချက်မညီဖြစ်နေသလို၊ နည်းပြ တူဟယ်လ်ရဲ့ နည်းစနစ်ပိုင်း စမ်းသပ်မှုတွေကြောင့်လည်း အသင်းက တည်ငြိမ်မှုလျော့ကျနေပါတယ်။ စိန့်အက်တီယန်အသင်းကတော့ PSG လိုပဲ ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပြီး ပယ်ရင်၊ ဆူဘိုတစ်၊ ဒီဘူချီတို့ရဲ့ ခံစစ်ပိုင်းက ကျစ်လျစ်မှုအပြည့် ရှိနေပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းမှာလည်း ကာဘယ်ဘာ၊ ခါဇီရီတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားလို့ PSG အသင်း သတိထားရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေလို့ PSG ပဲ နိုင်သွားဦးမှာပါ။

Most Read

Most Recent