<

၂၀၁၇-၁၈ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်း စံချိန်တင်ဝင်ငွေ ပေါင်သန်း(၅၀၀)ရရှိ

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းသည် အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ဝင်ငွေ ပေါင်သန်း(၅၀၀)ခန့်ရရှိခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် နှစ်ပတ်လည်အစီရင်ခံစာတွင် (၄)ရာသီဆက်တိုက်အမြတ်ငွေရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး ယခုနှစ်စာရင်းရှင်းတမ်း၌ အမြတ်ငွေ ပေါင်(၁၀.၄)သန်းရရှိခဲ့ကြောင်း၊ ကစားသမားများနှင့် ၀န်ထမ်းများအား လစာပေးချေမှုမှာဝင်ငွေ၏(၅၂)ရာခိုင်နှုန်းဖြစ်သည့် ပေါင်သန်း(၂၆၀) ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ဒူဘိုင်းအခြေစိုက် အဘူဒါဘီလုပ်ငန်းစုက ၂၀၀၇-၀၈ ရာသီတွင်  မန်စီးတီးအသင်းကိုဝယ်ယူခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီမှာ ၎င်းတို့ပိုင်ဆိုင်သည့် (၁၀)နှစ်ပြည့်မြောက်ခဲ့ပြီး ယခုကဲ့သို့ စံချိန်တင်ဝင်ငွေရရှိခဲ့ခြင်းဖြစ်သည်။ နည်းပြဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် စံချိန်တင်ရမှတ်(၁၀၀)ဖြင့် ဗိုလ်စွဲခဲ့သလို သွင်းဂိုးမှာလည်း (၁၀၆)ဂိုးအထိရရှိခဲ့သည်။

အဘူဒါဘီလုပ်ငန်းစုက စတင်ပိုင်ဆိုင်သည့် ၂၀၀၇-၀၈ ဘောလုံးရာသီတွင် မန်စီးတီးအသင်း၏၀င်ငွေမှာ ပေါင် (၁၀၄)သန်းသာရှိခဲ့ပြီး တူရကီကလပ် ဖီနာဘာချီအသင်း၏၀င်ငွေထက်ပင်လျော့နည်းခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်ရာသီက ပေါင်သန်း(၅၀၀)ခန့်ဝင်ငွေရရှိခဲ့သော မန်စီးတီးအသင်းမှာ ဥရောပတွင် မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ပြီးနောက် ပဉ္စမမြောက်ဝင်ငွေအကောင်းဆုံးကလပ်အသင်းဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ပေါင်သန်း(၅၀၀)၀င်ငွေရရှိထားသည့်ပထမဆုံးအသင်းမှာ မန်ယူဖြစ်ပြီး မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းက ယင်းစံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

September 13, 2018














Copy Protected by Chetan's WP-Copyprotect.