<

လီဗာပူးလ်အသင်းနှင့်ပွဲစဉ်အား လိုရစ်နှင့် အယ်လီတို့ လွဲချော်မည်

စပါးအသင်း၏အဓိကကစားသမားနှစ်ဦးဖြစ်သည့် အသင်းခေါင်းဆောင် လိုရစ်နှင့် ကွင်းလယ်လူ အယ်လီတို့မှာ ဒဏ်ရာအသီးသီးရရှိထားသောကြောင့် လာမည့်စနေတွင်ကစားမည့် လီဗာပူးလ်အသင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အသက်(၃၁)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ဂိုးသမား လိုရစ်သည် ပေါင်ခြံဒဏ်ရာကြောင့် ၀က်ဖို့ဒ်အသင်းနှင့်ပွဲစဉ်ကို လွဲချော်ခဲ့သလို ပြင်သစ်အသင်း၏ Nations League ပွဲစဉ်(၂)ကိုလည်း ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေ။

ယခုအခါ ယင်းဒဏ်ရာအား စစ်ဆေးမှုထပ်မံပြုလုပ်မည်ဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အထိ အနားယူရဖွယ်ရှိနေကြောင်း နည်းပြ ပိုချက်တီနိုက အတည်ပြုပြောကြားခဲ့သည်။

စပါးအသင်း၏အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ အယ်လီမှာလည်း စပိန်အသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် လီဗာပူးလ်နှင့်ပွဲကို သေချာပေါက်လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

Photo: talkSPORT

လိုရစ်နှင့် အယ်လီတို့၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး စပါးအသင်းနည်းပြ ပိုချက်တီနိုက” အယ်လီဟာ စပိန်နဲ့ပွဲမှာ မိနစ်(၂၀)လောက်ပဲကစားပြီး ကံဆိုးစွာပဲ ဒဏ်ရာရရှိခဲ့တာပါ။ လီဗာပူးလ်နဲ့ပွဲမှာ သူမပါဝင်နိုင်တော့လို့ စိတ်ပျက်မိပါတယ်။ လိုရစ်ကတော့ သူ့ဒဏ်ရာကို စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ရဦးမှာပါ။ အားလုံးအဆင်ပြေဖို့ မျှော်လင့်ပါတယ်။ သူတို့နှစ်ဦးစလုံး အသင်းအတွက် မကြာမီအတူပြန်ကစားနိုင်မှာပါ” ဟုပြောကြားခဲ့သည်။

စပါးအသင်းသည် လီဗာပူးလ်အသင်းနှင့်ပွဲကျပ်ယှဉ်ပြိုင်ပြီးနောက် လာမည့် စက်တင်ဘာ(၁၈)ရက်တွင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အင်တာမီလန်အသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

September 13, 2018














Copy Protected by Chetan's WP-Copyprotect.