သတင်းတိုများစုစည်းဖော်ပြမှု

သတင်းတိုများစုစည်းဖော်ပြမှု
Published 13 September 2018

 

Photos: Mirror,Football365

■ နယူးကာဆယ်အသင်းခေါင်းဆောင် လက်ဆဲလ်က အသင်းနည်းပြ ဘင်နီတက်ဇ်သည် မိမိအား ခြေစွမ်းပိုမိုကောင်းမွန် သည့် ကစားသမားကောင်းတစ်ဦးဖြစ်လာအောင် လမ်းပြပေးနေသည်ဟု ပြောကြားခဲ့သည်။ လက်ဆဲလ်သည် ပြီးခဲ့သည့်လအတွင်းက ဘင်နီတက်ဇ်၏ ကစားကွက်ပြောင်းလဲမှုအပေါ် မကျေနပ်ခဲ့ဘဲ နည်းပြကစားစေလိုသောနေရာတွင် မကစားဟု ငြင်းဆန်ခဲ့သူဖြစ်သည်။ သူနှင့် ဘင်နီတက်ဇ် အကြား တင်းမာမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ် ခဲ့သော်လည်း လက်ဆဲလ်က ဘင်နီတက်ဇ်မှာ မိမိအပေါ် အလွန်ကောင်းမွန်သောနည်းပြတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

■ ဘန်လေအသင်း၏ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်က ရှေ့လာမည့်ပွဲများတွင် မိမိတို့အသင်းအနေဖြင့် ရလဒ်ကောင်းများရယူပြီး အမှတ်ပေးဇယားအထက်သို့ တဖြည်းဖြည်းတက်ရောက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်အဆင့်(၇)တွင် ရပ်တည်ခဲ့သော ဘန်လေအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများကြုံတွေ့နေရပြီး (၄)ပွဲကစားပြီးချိန်၌ နိုင်ပွဲလုံးဝမရဘဲ (၁)ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ်(၁)မှတ်ဖြင့် အဆင့်(၁၉)နေရာတွင် ရပ်တည်လျက်ရှိသည်။

■ ဖူလ်ဟမ်အသင်းသည် အသင်းကြီးများခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်း၏လူငယ်ကစားသမား ဆီဆက်နွန်(၁၈ နှစ်) အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။ ဆီဆက်နွန်၏ စာချုပ်သက်တမ်း မှာ (၂)နှစ်ကျန်ရှိနေသေးသော်လည်း ၎င်းအား လက်မလွှတ်ရစေရန်အတွက် လစာငွေတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။ ဆီဆက်နွန်သည် ဖူလ်ဟမ်အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၇)ပွဲကစားကာ (၂၃)ဂိုးသွင်းယူပေးခဲ့သူဖြစ်သည်။

Most Read

Most Recent