ပါဗာကို ဥရောပအသင်းကြီးများနှင့်အပြိုင်ကမ်းလှမ်းရန် မန်စီးတီး စီစဉ်နေ

ပါဗာကို ဥရောပအသင်းကြီးများနှင့်အပြိုင်ကမ်းလှမ်းရန် မန်စီးတီး စီစဉ်နေ
Published 13 September 2018

 

Photo: YouTube

မန်စီးတီးအသင်းသည် စတုဂတ်အသင်း၏ နောက်ခံလူ ပါဗာ(၂၂ နှစ်) ကို ခေါ်ယူရန်အတွက် ဥရောပအသင်းကြီးများနှင့်အပြိုင် ကမ်းလှမ်းရန်စီစဉ်နေကြောင်း သိရှိရသည်။

အသက်(၂၂)နှစ်အရွယ် ပြင်သစ်လက်ရွေးစင်နောက်ခံလူ ပါဗာ သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သူဖြစ်သည်။

၎င်းအား ခေါ်ယူရန် စပိန်ကလပ် ဘာစီလိုနာ၊ အီတလီကလပ် ဂျူဗင်တပ်စ်၊ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အစရှိသော ထိပ်သီးအသင်းကြီးများက ပစ်မှတ်ထားလျက်ရှိသည်။

ပါဗာသည် ညာအစွန်လူအဖြစ်ရော၊ ခံစစ်အတွင်းလူအဖြစ်ပါ ကစားနိုင်သူဖြစ်၍ နောက်တန်း(၃)ယောက်ကစားကွက်တွင်လည်း ကစားနိုင်သူဖြစ်သည်။

သို့ဖြစ်ရာ ယခုရာသီ၌ ကစားကွက်အမျိုးမျိုးပြောင်းလဲသုံးစွဲရန် ဆန္ဒရှိနေသော ဂွါဒီယိုလာသည် ပါဗာကို မျက်စိကျနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent