မန်ယူအသင်းမှ ရပ်ရှ်ဖို့ဒ် ထွက်ခွာသင့်နေပြီဟုကာရေဂါ မှတ်ချက်ပြု

မန်ယူအသင်းမှ ရပ်ရှ်ဖို့ဒ် ထွက်ခွာသင့်နေပြီဟုကာရေဂါ မှတ်ချက်ပြု
Published 13 September 2018

 

Photo: AFP

လီဗာပူးလ်အသင်း၏ ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်သူ ဂျေမီကာရေဂါက အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အနေဖြင့် မန်ယူအသင်းမှ ထွက်ခွာသင့်နေပြီဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားလိုက်သည်။

ပြီးခဲ့သည့် အင်္ဂလန်အသင်း၏ နိုင်ငံတကာပွဲစဉ်များဖြစ်သော စပိန်၊ ဆွစ်ဇာလန်အသင်းတို့နှင့် ကစားခဲ့သောပွဲများတွင် ရပ်ရှ်ဖို့ဒ်သည် အသင်းအတွက် ဂိုးများသွင်းယူပေးခဲ့ပြီး ကာရေဂါက ၎င်းနှင့်ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

"မန်ယူအသင်းမှာ လူကာကူက ရပ်ရှ်ဖို့ဒ်ထက် ဦးစားပေးကစားခွင့်ရနေပါတယ်။ ကျွန်တော့်အမြင်အရတော့ ရပ်ရှ်ဖို့ဒ်ဟာ လူကာကူရဲ့နေရာမှာ အစားထိုးကစားရဖို့ မလွယ်ပါဘူး။ လူကာကူလည်း ချယ်လ်ဆီးမှာတုန်းက နေရာမရတော့ အဲဗာတန်ကို ပြောင်းရွှေ့ပြီး ဂိုးတွေများစွာသွင်းနိုင်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်လည်း လူကာကူလို ဆုံးဖြတ်သင့်ပါပြီ" ဟု ကာရေဂါက Sky Sports တွင် သုံးသပ်ခဲ့သည်။

Most Read

Most Recent