သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 13 September 2018

 

Photos: Mirror,Getty Images

■ ဝက်စ်ဟမ်းအသင်းတွင် ဒဏ်ရာကြောင့် အနားယူနေရသော အာဂျင်တီးနားကွင်းလယ်လူ လန်ဇီနီသည် ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်လာသောကြောင့် သတ်မှတ်ကာလထက်စောပြီး ပြန်ကစားနိုင် ဖွယ်ရှိကြောင်း သိရသည်။ ဘာစီလိုနာမြို့တွင် အနားယူကုသနေသော လန်ဇီနီသည် ပြီးခဲ့သည့်ရက်ပိုင်းက ဝက်စ်ဟမ်းအသင်းသို့ ပြန်လည်ရောက်ရှိလာကြောင်းလည်း သိရသည်။

■ ဝက်စ်ဟမ်းအသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ထရီဗာဘရွတ်ကင်းက အသင်းနည်းပြ ပယ်လီဂရီနီအနေဖြင့် ရလဒ်ဆိုးများကြုံတွေ့နေသော ဝက်စ်ဟမ်းအသင်းကို အားနည်းချက်များရှာဖွေပြီး နေရာအလိုက် ပြင်ဆင်သင့်နေပြီဖြစ်ကြောင်း၊ အသင်း၏ကွင်းလယ်မှာ အားနည်းချက်များစွာရှိနေကြောင်း ပြောကြားခဲ့သည်။

■ အာဆင်နယ်အသင်း၏ ဝါရင့်ဆွစ်ဇာလန်နောက်ခံလူ လစ်ချ်စတိုင်နာက ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မိမိအားခေါ်ယူရန် ကမ်းလှမ်းခဲ့သည့် အခြားကလပ်အသင်း(၅)သင်းရှိကြောင်း၊ သို့သော် မိမိသည် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လို၍ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

■ အဲဗာတန်အသင်း၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သူ အီရန်လူမျိုး သန်းကြွယ်သူဌေး မိုရှီရီသည် အသင်း၏ရှယ်ယာ(၁၈.၇)ရာခိုင်နှုန်းကို ထပ်မံ ဝယ်ယူခဲ့ပြီး အဲဗာတန်အသင်းတွင် သူပိုင်ဆိုင်သည့် ရှယ်ယာစုစုပေါင်း မှာ (၆၈.၆)ရာခိုင်နှုန်းရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

■ မန်ယူအသင်း၏ တောင်ပံကစားသမားဟောင်းဖြစ်သူ (လက်ရှိ ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြ) ရိုင်ယန်ဂစ်က မန်ယူအသင်းနည်းပြ မော်ရင်ဟို အနေဖြင့် လက်ရှိအချိန်တွင် ဖိအားများရှိနေသော်လည်း ၎င်းအနေဖြင့် အသင်းတွင် ရေရှည်ရှိနေပြီး အောင်မြင်မှုများရယူပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent