<

အိုဇေးလ်အား ခေါ်ယူမည်ဆိုခြင်းကို ဖီနာဘာချီ ငြင်းဆန်

 

Photo: Metro

 

အာဆင်နယ်အသင်း၏ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်အား ခေါ်ယူမည် ဆိုသည့်သတင်းများကို တူရကီကလပ် ဖီနာဘာချီအသင်းတာဝန်ရှိသူများက ငြင်းဆန်ပယ်ချခဲ့သည်။

အိုဇေးလ်သည် အာဆင်နယ်အသင်းမှ ထွက်ခွာရန် စီစဉ်နေပြီး လာမည့်ဇန်န၀ါရီလ၌ ဖီနာဘာချီ (သို့မဟုတ်) မန်ယူအသင်းသို့ ပြောင်းရွှေ့မည်ဟု ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖီနာဘာချီအသင်း၌ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေသူ ကိုမိုလီ (စပါးအသင်းနှင့် လီဗာပူးလ်အားကစားဒါရိုက်တာဟောင်း) က ထွက်ပေါ်နေသောသတင်းများမှာ ကောလာဟလသတင်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

September 12, 2018














Copy Protected by Chetan's WP-Copyprotect.