စပါး-လီဗာပူးလ်ပွဲတွင် ပါဝင်နိုင်ရန် လိုရစ် မျှော်လင့်

စပါး-လီဗာပူးလ်ပွဲတွင် ပါဝင်နိုင်ရန် လိုရစ် မျှော်လင့်
Published 13 September 2018

 

 

Photo: Mirror

 

စပါးအသင်းခေါင်းဆောင်ဖြစ်သူ ပြင်သစ်ဂိုးသမား လိုရစ်သည် ယခုတစ်ပတ် စနေနေ့တွင်ကစားမည့် စပါး-လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပြန်လည် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။

လိုရစ်သည် ပေါင်ဒဏ်ရာကြောင့် ပြီးခဲ့သည့် ဝက်ဖို့ဒ် (၂-၁) စပါး ပရီးမီးယားလိဂ်ပွဲစဉ်နှင့် ပြင်သစ်အသင်း၏ နိုင်ငံတကာပွဲစဉ်များကို လွဲချော်ခဲ့ရသည်။

၎င်းအနေဖြင့် ကြံ့ခိုင်မှုပြန်လည် ပြည့်ဝပြီး စပါး-လီဗာပူးလ်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း လိုရစ်က ပြောကြားခဲ့သည်။

လိုရစ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့ရှိ ဝက်မင်စတာ တရားရုံးသို့ ရောက်ရှိလာပြီး အရက်မူးပြီး ကားမောင်းသည့်အမှုအတွက် ကြားနာမှုခံယူကာ သူ၏အပြစ်ကို ဝန်ခံခဲ့ကြောင်း သိရသည်။

Most Read

Most Recent