ဆွစ်ဇာလန်နှင့်ပွဲတွင် တိုက်စစ်မှူး ဟာရီကိန်းအား ဆောက်ဂိတ် အနားပေးမည်

ဆွစ်ဇာလန်နှင့်ပွဲတွင် တိုက်စစ်မှူး ဟာရီကိန်းအား ဆောက်ဂိတ် အနားပေးမည်
Published 11 September 2018

(Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်သည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဆွစ်ဇာလန်အသင်းနှင့် ခြေစမ်းပွဲတွင် အသင်း၏ အဓိကတိုက်စစ်မှူး ဟာရီကန်းအား အနားပေးသွားဖွယ်ရှိနေကြောင်း သိရှိရသည်။

အသက်(၂၅)နှစ်အရွယ် ဟာရီကိန်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၆)ဂိုးသွင်းယူကာ ရွှေဖိနပ်ဆုရယူခဲ့သူဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီအစကတည်းက ပြိုင်ပွဲစုံတွင် ပွဲပေါင်း(၆၁)ပွဲအထိ ပွဲထွက်ကစားခဲ့ရသောကြောင့် ဆောက်ဂိတ်က ဆွစ်ဇာလန်နှင့်ပွဲတွင် အနားပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ဒီအချိန်က သူ့ကို အနားပေးဖို့ အချိန်ကောင်းပါပဲ" ဟု အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ပြောကြားခဲ့သည်။

ထို့ပြင် ဟာရီကိန်း၏ စပါးအသင်းဖော်ဖြစ်သည့် အယ်လီသည်လည်း ကြွက်သားဒဏ်ရာအကြောင်းပြချက်ဖြင့် အင်္ဂလန်အသင်း၏ လူစာရင်းမှ နုတ်ထွက်သွားခဲ့သည်။

 (Photo by Glyn KIRK / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

ဆောက်ဂိတ်သည် ယခုပွဲတွင် စပိန်အသင်းနှင့် Nations League ပွဲမှ လူစာရင်းအား အပြောင်းအလဲများစွာ ပြုလုပ်လာဖွယ်ရှိပြီး အဲရစ်ဒိုင်ယာ၊ ဘတ်လန်း၊ လော့ဖ်တပ်ချိဖ်၊ ဖာဘီယန်ဒဲ့လ်ဖ်၊ တာကောစကီး၊ ဝဲလ်ဘက် တို့ ပွဲထွက်ပါဝင်လာဖွယ် ရှိနေသည်။

ထို့ပြင် ယခုပွဲအတွက် ယူ-၂၁ အသင်းမှ လက်စတာကစားသမားများဖြစ်သည့် ဘယ်နောက်ခံလူ ချီဝဲလ်နှင့် တောင်ပံကစားသမား ဂရေးတို့ကို ခေါ်ယူထားခဲ့သည်။

"ကျွန်တော့်အသင်းမှာ ပွဲထွက်ခွင့်ပေးပြီး ကစားပုံကို စောင့်ကြည့်ရမယ့် ကစားသမားတွေ ရှိနေပါတယ်။
ဒီမှာ ရှိတဲ့ကစားသမားတိုင်း အသင်းအတွက် အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကစားရမှာပါ" ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် နိုင်ငံတကာပွဲနောက်ဆုံး(၃)ပွဲဆက် ရှုံးနိမ့်ထားပြီး သမိုင်းတစ်လျှောက် (၄)ပွဲဆက် ရှုံးနိမ့်ဖူးခြင်း မရှိသေးပေ။
အင်္ဂလန်အသင်းနှင့် ဆွစ်ဇာလန်အသင်းတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် (၁း၁၅) အချိန်တွင် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။

 

 

 

Most Read

Most Recent