<

ဇန်န၀ါရီတွင် အိုဇေးလ် အာဆင်နယ်အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်

အာဆင်နယ်အသင်း၏အဓိကကစားသမား အိုဇေးလ်သည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

အိုဇေးလ်နှင့် အသင်းနည်းပြ အူနိုင်းအမ်မရီတို့အကြား မပြေမလည်ဖြစ်နေသည်ဟု သတင်းထွက်နေပြီး လေ့ကျင့်ရေးကွင်းတွင် ၎င်းတို့(၂)ဦး စကားများခဲ့ကြောင်းလည်း ESPNသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ယင်းစကားများမှုမှာ အာဆင်နယ်-၀က်စ်ဟမ်းပွဲမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အူနိုင်းအမ်မရီက ၀က်စ်ဟမ်းနှင့်ပွဲတွင် အိုဇေးလ်ကို နေမကောင်းသည့်အကြောင်းပြချက်ဖြင့် အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ဖူးသည်။

အိုဇေးလ်သည် ပြီးခဲ့သည့်ဇန်န၀ါရီလကမှ တစ်ပတ်လစာ ပေါင်(၃၅၀,၀၀၀)ဖြင့် (၃)နှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုထားသူဖြစ်သည်။

တူရကီမီဒီယာ Fotomac က ဖီနာဘာချီအသင်းသည် အိုဇေးလ်ကို လာမည့်နှစ် ဇန်န၀ါရီတွင် ခေါ်ယူသွားရန် ပြင်ဆင်နေကြောင်း ရေးသားခဲ့သည်။

သို့သော် ဖီနာဘာချီအနေဖြင့် အိုဇေးလ် လက်ရှိလစာငွေအတိုင်း ပေးချေရန်အခက်အခဲရှိကြောင်း သတင်းများက သုံးသပ်ခဲ့သည်။

ဗြိတိန်သတင်းစာ Daily Mail ကမူ အာဆင်နယ်အသင်းသည် အိုဇေးလ်ကို ပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်းဝန်းကျင်ရလျှင် ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မော်ရင်ဟို၏မန်ယူအသင်းကလည်း အာဆင်နယ်နှင့်အိုဇေးလ်တို့၏ ဆက်ဆံရေးအခြေအနေကို စောင့်ကြည့်နေကြောင်း Fotomac က ရေးသားခဲ့သည်။

 

September 11, 2018














Copy Protected by Chetan's WP-Copyprotect.