<

အိမ်ကွင်းမှာ အသာစီးနဲ့ကစားပြီး (၃)မှတ်ယူခဲ့တဲ့ ပေါ်တူဂီ

Photo:AFP

■ League (A) Group-3

■ ပေါ်တူဂီ ၁-၀ အီတလီ
Nations League  ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေထဲက ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ ပေါ်တူဂီနဲ့ အီတလီတို့ ဆုံတွေ့တဲ့ပွဲမှာတော့ ပေါ်တူဂီအသင်းက အိမ်ကွင်းမှာ အသာစီးနဲ့ကစားပြီး (၃)မှတ်ရယူ နိုင်ခဲ့ပါတယ်။

နည်းပြသစ် မန်စီနီရဲ့ အီတလီအသင်းက တက်ရိပ်ပြလာခဲ့ပေမယ့် အီမိုဘီလီနဲ့ ဇာဇာတို့ရဲ့ တိုက်စစ်အတွဲက သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။

ကွင်းလယ်ချင်း အဓိကအားပြိုင်ခဲ့ရတဲ့ပွဲမှာ အီတလီကွင်းလယ်ရဲ့ ဖန်တီးနိုင်မှုစွမ်းရည်ကလည်း နိမ့်ကျခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်ကိုတော့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ စောင့်ကြည့်နေတဲ့ ၀ုလ်ဗ်ကစားသမား နေးဗက်စ်က ဦးဆောင်ခဲ့ပြီး တွဲဖက်ဖြစ်တဲ့ ကာဗယ်လ်ဟိုကလည်း ခြေစွမ်းပြသွားခဲ့ပါတယ်။

ကစားကွက်အသာ၊ အခွင့်အရေးအသာနဲ့ ကစားနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်း (၄၈)မိနစ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးရရှိခဲ့ပြီး ဘရူမာရဲ့ပေးပို့မှုကနေ အန်ဒရေဆေးလ်ဗားက သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ပေါ်တူဂီအသင်း တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတချို့ရခဲ့ပြီး ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့လို့သာ အီတလီအသင်းဂိုးထပ်မပေးရတော့တာ ဖြစ်ပါတယ်။

 

■ အခြားပွဲရလဒ်များ

League (B) Group-2

ဆွီဒင် ၂-၃ တူရကီ

League (C) Group-1

စကော့တလန် ၂-၀ အယ်လ်ဘေးနီးယား

League (C) Group-4

ဆားဘီးယား ၂-၂ ရိုမေးနီးယား
မွန်တီနီဂရိုး ၂-၀ လစ်သူယေးနီးယား

League (D) Group-1

အန်ဒိုရာ ၁-၁ ကာဇက်စတန်

League (D) Group-3

ကိုဆိုဗို ၂-၀ ဖာရိုးကျွန်းစုများ
မော်လ်တာ ၁-၁ အဇာဘိုင်ဂျန်

■ ခြေစမ်းပွဲရလဒ်များ

ကမ္ဘောဒီးယား ၁-၃ မလေးရှား
ကာဇက်စတန် ၂-၁ ဆီးရီးယား
ကူဝိတ် ၂-၂ အီရတ်
ဘာရိန်း ၀-၀ တရုတ်
ရုရှား ၅-၁ ချက်
ဆော်ဒီအာရေဗျ ၂-၂ ဘိုလစ်ဗီးယား

September 11, 2018














Copy Protected by Chetan's WP-Copyprotect.