<

US Open ပြိုင်ပွဲတွင် ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲ

 Matthew Stockman/Getty Images/AFP== FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==

ဆားဘီးယားနာမည်ကြီးတင်းနစ်သမား ဂျိုကိုဗစ်သည် US Open အမျိုးသားတစ်ဦးချင်းပြိုင်ပွဲဗိုလ်လုပွဲတွင် အာဂျင်တီးနားနိုင်ငံသား ဒယ်လ်ပိုထရိုကို ၆-၃၊ ၇-၆(၇-၄)၊ ၆-၃ ဖြင့် အနိုင်ရကာ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သည်။

ဂျိုကိုဗစ်အနေဖြင့် US Open ချန်ပီယံဆုကို (၃)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး ပိဆမ်းပရပ်စ်၏ ဂရင်းစလင်း(၁၄)ကြိမ်မှတ်တမ်းကိုလည်း အမီလိုက်နိုင်ခဲ့သည်။

ဂရင်းစလင်းအအောင်မြင်ဆုံးစာရင်းတွင် ဖက်ဒါရာ(၂၀ ကြိမ်)၊ နဒါးလ်(၁၇ ကြိမ်)ပြီးနောက် ဂျိုကိုဗစ်မှာ ပိဆမ်းပရပ်စ်နှင့်အတူ တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

Matthew Stockman/Getty Images/AFP== FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==

၎င်းမှာ US Open ပြိုင်ပွဲဗိုလ်လုပွဲသို့ (၈)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၁၊ ၂၀၁၅ ခုနှစ်များက ချန်ပီယံဖြစ်ထားခဲ့သည်။

ထို့ပြင် ၀င်ဘယ်လ်ဒန်၊ US Open ပြိုင်ပွဲများတွက် ဆက်တိုက်ဗိုလ်စွဲခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ခဲ့သည်။

ဂျိုကိုဗစ်သည် ဒယ်လ်ပိုထရိုနှင့်တွေ့ဆုံမှုများတွင် (၁၅)ပွဲအထိ အနိုင်ရထားပြီး ယင်းထဲမှ (၅)ပွဲမှာ ဂရင်းစလင်းပွဲများတွင်ဖြစ်သည်။

 

 

September 10, 2018














Copy Protected by Chetan's WP-Copyprotect.