<

စပိန်နည်းပြများ၏ (၂၇)နှစ်ကြာစံချိန်ကို လူးဝစ်အင်းနရစ် ဆက်ထိန်း

(Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

စပိန်အသင်းနည်းပြသစ် အင်းနရစ်သည် ၎င်းင်း၏အဖွင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရပြီး ၁၉၉၁ ခုနှစ်မှစတင်ကာ ပွဲဦးထွက်ပွဲစဉ်များတွင် ရှုံးပွဲလုံးဝမရှိသည့် စပိန်လက်ရွေးစင်အသင်းနည်းပြများ၏ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အင်းနရစ်သည် စပိန်အသင်း၏သမိုင်းတွင် (၅၃)ဦးမြောက် နည်းပြအဖြစ် မှတ်တမ်းဝင်နေပြီး နည်းပြသစ်(၅၃)ဦး လက်ထက်တွင် ပွဲဦးထွက်ပွဲပေါင်း (၅၃)ပွဲကစားခဲ့ရာ (၁၀)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၃၄)ပွဲအထိ အနိုင်ရကာ (၉)ပွဲသရေကျခဲ့ ကြောင်း သိရှိရသည်။

စပိန်အသင်းနည်းပြအဖြစ် ပထမဆုံးဆောင်ရွက်ခဲ့သည့် နည်းပြ ဖရန်ဆစ္စကိုဘရူ၏လက်ထက်တွင် ပွဲဦးထွက်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၂၀ အိုလံပစ်ပြိုင်ပွဲတွင် ဒိန်းမတ်အသင်းနှင့် ကစားခဲ့ပြီး (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

စပိန်အသင်းနည်းပြများထဲတွင် ၎င်းင်းတို့ ပွဲဦးထွက်၌ နောက်ဆုံးအကြိမ်ရှုံးနိမ့်ခဲ့သည်မှာ နည်းပြ လူးဝစ် ဆွာရက်ဇ်လက်ထက် ၁၉၈၈ ခုနှစ်ကဖြစ်ကြောင်း သိရသည်။ ၎င်းင်းလက်ထက် စပိန်အသင်းသည် ပွဲဦးထွက်ပွဲစဉ်တွင် ယူဂို ဆလားဗီးယားအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် စပိန်အသင်းနည်းပြအဖြစ် အသီးသီးဆောင်ရွက်ခဲ့ကြသည့် မိုင်ယာ (၁၉၉၁ ခုနှစ်)၊ ကလီမန့် (၁၉၉၂ ခုနှစ်)၊ ကမာချို (၁၉၉၈ ခုနှစ်)၊ အီနာကီဆေ့ဇ် (၂၀၀၂ ခုနှစ်)၊ အာရာဂူးနက်စ် (၂၀၀၄ ခုနှစ်)၊ ဒဲလ်ဘော့စကေး (၂၀၀၈ ခုနှစ်)၊ လိုပယ်တယ်ဟီ (၂၀၁၆ ခုနှစ်)၊ ဖာနန်ဒိုဟီယာရို (၂၀၁၈ ခုနှစ် – ယာယီနည်းပြအဖြစ်ဆောင်ရွက်ခဲ့သူ) နှင့် ယခု အင်းနရစ် (၂၀၁၈ ခုနှစ်) တို့၏လက်ထက်တွင် ၎င်းင်းတို့၏ စပိန်အသင်းအတွက် ပွဲဦးထွက်တွင် ရှုံးပွဲလုံးဝမရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ထူးခြားသည်မှာ အဆိုပါနည်းပြ(၉)ဦးစလုံးမှာ စပိန်လူမျိုးများဖြစ်ကြပြီး ဟီယာရိုနှင့် အင်းနရစ်တို့သည် ၎င်းတို့၏ စပိန် အသင်းနည်းပြအဖြစ် ပွဲဦးထွက်ကို ပြိုင်ပွဲများတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကျန်နည်းပြ(၇)ဦးမှာမူ ခြေစမ်းပွဲများတွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲဦးထွက်ပွဲစဉ်များတွင် ရလဒ်အကောင်းဆုံးစပိန်အသင်းနည်းပြမှာ ဆလာဇာဖြစ်ပြီး ၁၉၃၄ ခုနှစ်က ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပေါ်တူဂီအသင်းကို (၉-၀)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

နည်းပြသစ် အင်းနရစ်မတိုင်မီ ပွဲဦးထွက်တွင် အင်္ဂလန်အသင်းကို အနိုင်ရခဲ့ဖူးသည့် စပိန်အသင်းနည်းပြမှာ ကလီမန့်ဖြစ်ပြီး ၁၉၉၂ ခုနှစ်က (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

September 10, 2018














Copy Protected by Chetan's WP-Copyprotect.