UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 10 September 2018

 AFP PHOTO / Philippe DESMAZES

ပေါ်တူဂီ နှင့် အီတလီ(အင်္ဂါနံနက် ၁း၁၅ နာရီ)

နှစ်သင်းစလုံးက ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေဖြစ်ပြီး အောင်မြင်မှုအစဉ်အလာလည်းရှိကြတယ်။ တောင့်တင်းတဲ့လူစာရင်းတွေကိုလည်း ပိုင်ဆိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ အခုအချိန်ကတော့ နှစ်သင်းစလုံး အကျပိုင်းကိုရောက်နေတဲ့အချိန်လို့ ပြောရမယ်။ အီတလီအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင် မအောင်မြင်ခဲ့တဲ့အတွက် ဘာမှပြောစရာမရှိတော့သလို၊ ပေါ်တူဂီကလည်း ရှုံးထွက် (၁၆)သင်းအဆင့်ကနေ အိမ်ကို စောစောပြန်ခဲ့ရတယ်။ လက်ရှိအချိန်မှာ အီတလီအသင်းက မန်စီနီနဲ့အသင်းကို ပြန်လည်တည်ဆောက်နေပြီး ဒီပွဲအတွက် ကစားသမားတွေကို သေသေချာချာ ပြန်လည်တည်ဆောက်ထားတာ တွေ့ရတယ်။ ဘာလိုတယ်လီကို ပြန်ရွေးထားသလို၊ ကွင်းလယ်မှာလည်း ခြေစွမ်းပြနေတဲ့ ဂျော်ဂျင်ဟို၊ ဘိုနာဗန်ကျူရာတို့ကို တည်ပြီး လူငယ်တွေနဲ့ တွဲကစားဖို့များတယ်။ ပေါ်တူဂီကတော့ အပြောင်းအလဲတွေအများကြီးလုပ်ထားတယ်။ စီရော်နယ်လ်ဒို မပါဘူး။ တိုက်စစ်မှာ လူငယ်ကစားသမားတွေများပြီး ဟန်ချက်မညီတဲ့ စုဖွဲ့မှုမျိုးလည်း တွေ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေလို့ ပေါ်တူဂီ မရှုံးနိုင်ပါဘူး။ သရေကျဖို့များတယ်။

ဆွီဒင် နှင့် တူရကီ (အင်္ဂါနံနက် ၁း၁၅ နာရီ)

ဆွီဒင်အသင်းက၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး အခုအချိန်မှာ အတောင့်တင်းဆုံးအနေအထားကို ပြန်ရောက်လာပါတယ်။ တိုက်စစ်ပိုင်းမှာ မားကပ်စ်ဘတ်၊ ဂူဒက်တီ၊ ကွင်းလယ်မှာ လာဆင်၊ အက်ဒယ်လ်၊ ဆဗန်ဆန်တို့ရှိပြီး ခံစစ်ကလည်း အတောင့်တင်းဆုံးအနေအထားမှာ ရှိပါတယ်။ တူရကီအသင်းလည်း အသင်းကောင်းတစ်သင်းဆိုပေမယ့် ဆွီဒင်ကွင်းမှာတော့ အသာရနိုင်မယ်မထင်ဘူး။ ဒီနှစ်သင်းရဲ့ နောက်ဆုံး (၃) ကြိမ်တွေ့ဆုံမှုမှာ တူရကီအသာစီးရထားတယ်ဆိုပေမယ့် ဒီပွဲတော့ ဆွီဒင်ပဲ နိုင်ဖို့များတယ်။

စကော့တလန် နှင့် အယ်လ်ဘေးနီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

အယ်လ်ဘေးနီးယားက အသင်းကောင်းပါ။ အီတလီအခြေစိုက် ကစားသမားကောင်းတွေရှိနေတယ်။ ဒါပေမဲ့ စကော့တလန်က ပိုကောင်းပြီး စကော့တလန်ကွင်းလည်းဖြစ်နေတယ်။ အယ်လ်ဘေးနီးယား မယှဉ်နိုင်ပါဘူး။

ဆားဘီးယား နှင့် ရိုမေးနီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

ခြေသိပ်မကွာကြဘူးဆိုပေမယ့် ဆားဘီးယား သာပါတယ်။ အိမ်ကွင်းဖြစ်နေတဲ့အပြင် အဖွင့်ပွဲမှာလည်း နိုင်ထားဖို့ များပြီး ဆားဘီးယား နိုင်ပွဲဆက်လိမ့်မယ်ထင်တယ်။

မွန်တီနီဂရိုး နှင့် လစ်သူယေးနီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

လစ်သူယေးနီးယားက Nations League အသင်းတွေထဲမှာ အားအနည်းဆုံးအသင်းပါ။ မွန်တီနီဂရိုးက အဓိက,ကစားသမားတချို့မပါနိုင်ပေမယ့် လစ်သူယေးနီးယားကို အိမ်ကွင်းမှာ အနိုင်ကစားဖို့မခက်ပါဘူး။

အခြားပွဲစဉ်များ

အန်ဒိုရာ နှင့် ကာဇက်စတန် (အင်္ဂါနံနက် ၁း၁၅ နာရီ)
ကိုဆိုဗို နှင့် ဖာရိုးကျွန်းစုများ (အင်္ဂါနံနက် ၁း၁၅ နာရီ)
မော်လ်တာ နှင့် အဇာဘိုင်ဂျန် (အင်္ဂါနံနက် ၁း၁၅ နာရီ)

 

Most Read

Most Recent