<

Nations League မှာ နိုင်ပွဲစတွေ့သွားတဲ့ ပြင်သစ်

(Photo by Franck FIFE / AFP)

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ နယ်သာလန်ကို အကြိတ်အနယ်ကစားခဲ့ရပြီး Nations League ပြိုင်ပွဲမှာ နိုင်ပွဲစတင်ရယူခဲ့ပါတယ်။

ပြင်သစ်အသင်းအတွက် (၁၄)မိနစ်မှာ ဘာပေက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဒတ်ခ်ျဝါရင့်တိုက်စစ်မှူး ဘာဘယ်လ်က (၆၄)မိနစ်မှာ ပြန်လည်ချေပခဲ့ပြီး ဂျရူးက (၇၅)မိနစ်မှာ အနိုင်ဂိုးသွင်းပေးခဲ့တာပါ။

ဂျရူးဟာ ပြင်သစ်အသင်းအတွက် စုစုပေါင်းသွင်းဂိုး (၃၂)ဂိုးရှိလာပြီး ဇီဒန်းကိုကျော်ဖြတ်ကာ စတုတ္ထမြောက် ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တယ်။

(Photo by Bo Amstrup / Ritzau Scanpix / AFP) / Denmark OUT

ပြင်သစ်အသင်းကတော့ နယ်သာလန်အသင်းကို နောက်ဆုံးတွေ့ဆုံမှု (၅)ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒိန်းမတ်အတွက် အနိုင်ဂိုး(၂)ဂိုးသွင်းပေးခဲ့တဲ့ အဲရစ်ဆင်ဟာ အသင်းရဲ့နောက်ဆုံး(၁၈)ပွဲမှာ သွင်းဂိုး(၁၉)ဂိုးနဲ့ပတ်သက်ခဲ့ပြီး (၁၄)ဂိုးသွင်းကာ (၅)ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။

■ Nations League ပွဲရလဒ်များ
ယူကရိန်း ၁ – ၀ ဆလိုဗက်ကီးယား
ဒိန်းမတ် ၂ – ၀ ဝေးလ်စ်
ဘူလ်ဂေးရီးယား ၁ – ၀ နော်ဝေ
ဂျော်ဂျီယာ ၁ – ၀ လတ်ဗီးယား
မက်ဆီဒိုးနီးယား ၂ – ၀ အာမေးနီးယား
ပြင်သစ် ၂ – ၁ နယ်သာလန်
ဆိုက်ပရပ်စ် ၂ – ၁ ဆလိုဗေးနီးယား
လက်ချင်စတိန်း ၂ – ၀ ဂျီဘရော်လ်တာ

■ ခြေစမ်းပွဲရလဒ်များ
လက်ဘနွန် ၀ – ၀ အိုမန်
ဂျာမနီ ၂ – ၁ ပီရူး

 

 

September 10, 2018














Copy Protected by Chetan's WP-Copyprotect.