ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ဂျာမနီအသင်းလူစာရင်းမှ ဆာနေး နုတ်ထွက်

ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ဂျာမနီအသင်းလူစာရင်းမှ ဆာနေး နုတ်ထွက်
Published 8 September 2018

 (Photo by Christof STACHE / AFP)

မန်စီးတီးအသင်းတောင်ပံကစားသမား ဆာနေးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းပြချက်ဖြင့် ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ယင်းသတင်းကို ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB)ကလည်း အတည်ပြုချက်ပေးခဲ့သည်။

DFB က Twitter စာမျက်နှာတွင်ရေးသားခဲ့သည့် ထုတ်ပြန်ချက်တွင် ဆာနေးသည် နည်းပြချုပ် ယော်ကင်လိုးနှင့်ဆွေးနွေးပြီးနောက် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စကြောင့် မြူးနစ်မြို့ရှိ အသင်းတည်းခိုရာဟိုတယ်မှ ထွက်ခွာသွားခဲ့ကြောင်း၊ ပီရူးအသင်းနှင့် တနင်္ဂနွေနေ့တွင်ကစားမည့် ခြေစမ်းပွဲတွင် ပါဝင်နိုင်မည်မဟုတ်ဟု ရေးသားထားခဲ့သည်။

(Photo by FRANCK FIFE / AFP)

၂၂ နှစ်အရွယ်သာရှိသေးသူ ဆာနေးသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အပြီးသတ် ၂၃ ဦးစာရင်းမှ အံ့အားသင့်ဖွယ် ကျန်ရစ်ခဲ့သူဖြစ်သည်။

သို့သော် ဂျာမနီနည်းပြ ယော်ကင်လိုးက ယခုနိုင်ငံတကာရက်သတ္တပတ်အတွက် လက်ရွေးစင်အသင်းလူစာရင်းတွင် ဆာနေးကို ပြန်လည်ရွေးချယ်ခဲ့သည်။

ဆာနေးသည် စက်တင်ဘာ ၆ ရက်က ကစားခဲ့သည့် ပြင်သစ်နှင့် Nations League ပွဲစဉ်တွင်မူ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။

Most Read

Most Recent