<

ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲကို ယနေ့ယှဉ်ပြိုင်ကစားမည်

 

Julian Finney/Getty Images/AFP

၂၀၁၈ ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲကို စက်တင်ဘာ ၈ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ) တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဗိုလ်လုပွဲတွင် အမေရိကန်ဝါရင့်နာမည်ကြီး ဆရီနာဝီလျံနှင့် အသက်(၂၀)အရွယ်သာရှိသေးသည့် ဂျပန်လူငယ်တင်းနစ်မယ် နာအိုမီအိုဆာကာတို့ တွေ့ဆုံလျက်ရှိသည်။

ယခုပြိုင်ပွဲတွင် ချန်ပီယံဆုခြောက်ကြိမ်ဖြင့် Open Era ၌ ပူးတွဲအအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသည့် ဆရီနာဝီလျံ (ဆီဒင် ၁၇) သည် လတ်ဗီးယားနိုင်ငံသူ ဆီဗက်စတို ဗာ (ဆီဒင် ၁၉) နှင့် ဆုံတွေ့ရာ ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။

(Photo by EDUARDO MUNOZ ALVAREZ / AFP)

ဆီဗက်စတိုဗာသည် ဆရီနာဝီလျံအား အဘက်ဘက်မှယှဉ် မကစားနိုင်ခဲ့ဘဲ ပွဲကစားချိန်မှာလည်း ၆၆ မိနစ်သာ ကြာမြင့်ခဲ့သည်။

ဆရီနာဝီလျံသည် ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကိုးကြိမ် မြောက် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ရင်သွေး မွေးဖွားပြီးနောက် ပြန်လည်ယှဉ်ပြိုင်ရာတွင် ဂရင်းစလင်းပြိုင်ပွဲ နှစ်ပွဲဆက်တိုက် ဗိုလ်လုပွဲ တက်ခွင့်ရခဲ့သည်။

ဒုတိယပွဲစဉ်တွင် နာအိုမီ အိုဆာကာ (ဆီဒင် ၂၀) က ပြီးခဲ့သည့်နှစ်ပြိုင် ပွဲတွင် ဗိုလ်လုပွဲရောက်ရှိခဲ့သူ မက်ဒီဆင်ကီး (အမေရိကန်၊ ဆီဒင် ၁၄) ကို ၆-၂၊ ၆-၄ ဖြင့် နှစ်ပွဲပြတ် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက် ခဲ့သည်။

အိုဆာကာသည် ကစားသမားဘ၀ တစ်လျှောက် ပထမဆုံးအကြိမ်နှင့် ဂျပန်အမျိုး သမီးတင်းနစ်မယ်များအနက် ဂရင်းစလင်း ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင် သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် ယခုနှစ် မိုင်ယာမီအိုးပင်းပြိုင်ပွဲတွင်သာ ဆုံတွေ့ဖူးပြီး အိုဆာကာက နှစ်ပွဲပြတ် အနိုင်ရ ထားသည်။

 

September 8, 2018














Copy Protected by Chetan's WP-Copyprotect.