<

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီတလီ နှင့် ပိုလန် (စနေနံနက် ၁း၁၅ နာရီ)

အီတလီအသင်းက ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပိုလန်နဲ့ အရင်ကစားထားရလိမ့်မယ်။ ပိုလန်မှာ အသင်းရဲ့အဓိကကစားသမားတော်တော်များများ အသက်အရွယ်ပိုင်းအရ အကျပိုင်းရောက်လာပြီး၊ အဓိက
တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ နာပိုလီက အတွဲဖြစ်တဲ့ မီလစ်ခ်၊ ဇီလင်စကီးတို့ကို အားပြုကစားရမယ်။ အီတလီကလည်း လက်ရှိအချိန်မှာ အကျပိုင်းရောက်နေပြီး မန်စီနီက အသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ့်
အချိန်ပါ။ ဒါပေမဲ့ ချက်ချင်းအထိုင်ကျဖို့ ခက်သလို၊ အားနည်းချက်တွေကိုပြင်နိုင်ဖို့ မလွယ်သေးဘူး။ သရေကျသွားနိုင်တယ်။

 

တူရကီ နှင့် ရုရှား (စနေနံနက် ၁း၁၅ နာရီ)

တူရကီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် ပြိုင်ပွဲအကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့တာတွေ့ရတယ်။ လက်ရှိအချိန်မှာ ကစားသမားကောင်းတွေ ပြန်စုစည်းလာနိုင် ပြီး နှစ်ပေါင်းအတန်ကြာဝေးကွာနေတဲ့ တောင့်တင်းမှုမျိုးကို ပြန်ရလာနိုင်ခြေရှိတယ်။ ရုရှားကလည်း ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမဲ့ တူရကီနဲ့ ခြေသိပ်မကွာသလို၊ အဆင့်အတန်းလည်း မကွာပါဘူး။ အိမ်ရှင် တူရကီအသင်းကိုကြိုက်တယ်။

 

အယ်လ်ဘေးနီးယား နှင့် အစ္စရေး (စနေနံနက် ၁း၁၅ နာရီ)

အယ်လ်ဘေးနီးယားက အိမ်ကွင်းမာပြီး၊ အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်တဲ့အသင်းမျိုးပါ။ အစ္စရေးနဲ့ ခြေရည် တူအသင်းတွေဖြစ်ပြီး နောက်ဆုံးအိမ်ကွင်းတွေ့ဆုံမှုမှာ ရှုံးထားတယ်။ ဒီပွဲတော့ အယ်လ်ဘေးနီးယားသရေနဲ့အနိုင်ပါပဲ။

 

လစ်သူယေးနီးယားနှင့် ဆားဘီးယား (စနေနံနက် ၁း၁၅ နာရီ)

လစ်သူယေးနီးယားနဲ့ ဆားဘီးယားက ခြေအဆင့်အတန်းရော၊ လူအင်အားပါ ကွာပါတယ်။ လက်ရှိအချိန်မှာ ဆားဘီးယားက ပုံစံကောင်းပြန်ရနေပါပြီ။ ဒီပွဲလည်း ဆားဘီးယားပဲ နိုင်ပွဲယူလိမ့်မယ်။

 

ရိုမေးနီးယား နှင့် မွန်တီနီဂရိုး (စနေနံနက် ၁း၁၅ နာရီ)

ရိုမေးနီးယားလည်း ခြေပြန်တက်လာတယ်။ မွန်တီနီဂရိုးက ယိုဗီတစ်၊ မာရူရှစ်တို့ မပါနိုင်တာ အားနည်းသွားပါတယ်။ လက်ရှိအသင်းမှာ အတွေ့အကြုံနုတဲ့ကစားသမားတွေများပြီး ရိုမေးနီးယားကွင်းမှာ မယှဉ်နိုင်လောက်ပါဘူး။

September 7, 2018














Copy Protected by Chetan's WP-Copyprotect.